ချိုကုပ်ဒူးကြီးပြောတဲ့ ပုဂ္ဂလိကပိုင်

E-mail Print
နေပြည်တော်မှ ချိုကုပ်ဒူးကြီးက ချင်းမိုင်တွင် သောင်တင် နေသည့် ရုက္ခစိုးထံသို့ ထပ်မံ ဆိုက်ရောက် လာသည်။ မြန်မာပြည်တွင် အရေးတကြီး အကောင် အထည် ဖော်နေသော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းပြလို သောကြောင့် ရောက်လာခြင်း ဖြစ်သည် ဟူ၏။ ဤသို့ဖြင့် ရုက္ခစိုးသည် သူ ကွန်းခိုရာ ဂေဟာတွင် အေးရာ အေးကြောင်း မနေရဘဲ ချိုကုပ်ဒူးကြီး၏ တရားကို နာရပြန်လေသည်။

အကြောင်း မညီညွတ်သဖြင့် ချင်းမိုင်ဟု ခေါ်သည့် ဇင်းမယ်မြို့သို့ ရောက်နေ သော်လည်း ဦးရုက္ခစိုးက ဇာတိမြေ မြန်မာပြည် အရေး အတွက် ပူပန်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ချိုကုပ်ဒူးကြီးက သူ့ထံ အရောက်လာပြီး မြန်မာပြည် အကြောင်း လေကြော ရှည်နေမှုကို သည်းခံနေရ လေသည်။

ချိုကုပ်ဒူးကြီး။     ။ အိုင်ဆေး …  ဦးရုက္ခစိုး …  ၊ တကယ်တော့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုတာကို လုပ်ချင်နေတာ ကြာပြီ၊ လက်ကို ယားနေတာပဲ။

ရုက္ခစိုး။     ။ လက်ယားရင် ဆေးဝယ်လိမ်းပေါ့ဗျာ။ ဒါမျိုးက စောစောစီးစီး ကုတာ ကောင်းတယ်။ နောက်ကျသွားရင် အပ်နဲ့ထွင်းရမယ့် ရောဂါက ပုဆိန်နဲ့ … …

ချိုကုပ်ဒူးကြီး။     ။ ဟိုးထား … ဟိုးထား …။ ကျုပ်ဆိုလိုတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နိုင်ငံပိုင် လုပ်ငန်းကြီးတွေကို အရပ်သားတွေလက်ထဲ ထည့်ပေးချင်ခဲ့တာလို့ ဆိုလိုတာပါ။

ရုက္ခစိုး။     ။ ကောင်းတာပေါ့၊ အရပ်သားတွေကို အားကိုးတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်လား။

ဦးရုက္ခစိုးစကားကြောင့် ချိုကုပ်ဒူးကြီး သက်ပြင်းတချက် ချလိုက်သည်။ ဘာသာပြန်မှားသည့် ဒီရုက္ခစိုးကို အင်းစိန်ထောင်ထဲ ထည့်လိုက်လျှင် ကောင်းမည်လောဟုပင် တွေးလိုက်မိသည်။ သူက ပြောသမျှ ခေါင်းညိတ်မည့်သူနှင့်သာ စကားဝိုင်းဖွဲ့လိုသည်။ သို့သော်လည်း ပြောလက်စမို့ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။

ချိုကုပ်ဒူးကြီး။     ။ အရပ်သား ဆိုတဲ့ စကားလုံးကို ကျုပ်က သိပ်ပြီး မနှစ်သက်ဘူး။ တိုင်းရင်းသား၊ ပြည်သူ ဆိုတဲ့ စကားလုံးတွေက ပိုသင့်တော်ပါတယ်။

ရုက္ခစိုး။     ။ ဘာ ပြည်သူလဲ။ ပြည်သူ ဆိုတာ  ပြည်မြို့က အမျိုးသမီးတွေကို ပြောတာလား။

ချိုကုပ်ဒူးကြီး။     ။ ဟာ … မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ လုပ်ငန်းကြီး၊ လုပ်ငန်းငယ်တွေကို ပြည်သူလူထုထဲက သင့်တော်တဲ့သူတွေရဲ့ လက်ထဲ ထည့်မယ်လို့ ပြောတာပါ။

ရုက္ခစိုး။     ။ အင်း … ဘယ်လို ဝေစုခွဲမှာလဲ။

ချိုကုပ်ဒူးကြီး။     ။ ဟာ … ဒီ ဝေစုခွဲတယ် ဆိုတဲ့ စကားလုံးက ပေါ်တင်ကြီးဖြစ်နေတယ် အဲ … မှားနေတယ်။ ကျုပ်တို့က သင့်လျော်တဲ့ တိုင်းရင်းသား၊ ပြည်သူကို ပေးမှာပါ။

ရုက္ခစိုး။     ။ ကောင်းတယ်၊ သိပ်ကောင်းတယ်။ အခုလို အမြင်မှန် ရလာတာ ကောင်းတယ်။ အဲ … တိုင်းရင်းသားတွေကို ဘာပေးမှာလဲ။ တွင်းထွက်ပစ္စည်းလုပ်ငန်း၊ ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းတွေ ပေးမှာလား။

ဦးရုက္ခစိုးမေးခွန်းကြောင့် ချိုကုပ်ဒူးကြီး တချက် တွေဝေသွားသည်။ ထို့နောက် …

ချိုကုပ်ဒူးကြီး။     ။ လျှပ်စစ်လုပ်ငန်းတွေ ပေးလိုက်ရင် တိုင်းရင်းသားတွေ ဓာတ်လိုက်နေပါဦးမယ်ဗျာ။ တိုင်းရင်းသားတွေ အတွက် အဆင်ပြေမယ့်ဟာတွေ ကျုပ်တို့ စဉ်းစားမိတယ်။ သူတို့က ပင်လုံစာချုပ်တို့၊ ပင်လုံကျောက်တိုင်တို့အကြောင်း သိပ်ပြောတယ် မဟုတ်လား။ ဒီတော့ … ကျုပ်တို့က သူတို့ကို ပင်လုံ ကျောက်တိုင်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကျောက်တိုင်တွေကို ပေးဖို့ စီစဉ်ထားတယ်။

ရုက္ခစိုး။     ။ သြော် … အင်း … ဟုတ်ပါပြီ။ ဒါဆို တခြား လုပ်ငန်းတွေကရော … ။

ချိုကုပ်ဒူးကြီး။     ။ ဒါတွေကိုတော့ စိတ်ချရတဲ့ စီးပွားရေးသမားကြီးတွေကို ပေးမှာပေါ့။

ရုက္ခစိုး။     ။ ထင်သားပဲ … ။ ခင်ဗျားကြီးက ခင်ဗျားကြီး စိတ်ချရတဲ့ စီးပွားရေးသမားတွေကိုပဲ လုပ်ပိုင်ခွင့် ပေးမယ်ဆိုတာ။

ချိုကုပ်ဒူးကြီး။     ။ ဟဲဟဲဟဲ …  ဟဲဟဲဟဲ … ကျုပ်ကို အထင် စမောနေပြန်ပြီ။ စိတ်ချရတဲ့ စီးပွားရေးသမားတွေ ဆိုတာ ကျုပ်ရဲ့ ကိုယ်စားလှယ် အေးဂျင့်တွေ အဲ … ဟုတ်ပါဘူး၊ စီးပွားရေး လုပ်ကိုင်ရာမှာ စိတ်ချရတဲ့သူတွေကို ဆိုလိုတာပါ။

ဦးရုက္ခစိုးက ခေါင်းတဆတ်ဆတ် ညိတ်ကာ အနည်းငယ် ကျေနပ်သွားဟန်ပြုပြီး မေးခွန်း ပြန်ထုတ်လိုက်သည်။

ရုက္ခစိုး။     ။ လေကြောင်းလိုင်း နဲ့ သင်္ဘောဆိပ်လုပ်ငန်းတွေလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေ လုပ်ခွင့်ရမယ် ဆိုတဲ့ အသံတွေ ထွက်နေတယ်နော်။

ချိုကုပ်ဒူးကြီး။     ။ အဲဒါတွေလည်း စိတ်ချရတဲ့သူတွေကို ပေးမှာပါ။ ဒါမျိုးက လူတိုင်းကို ပေးလို့ မဖြစ်ဘူးလေ၊ သိတယ် မဟုတ်လား။

ရုက္ခစိုး။     ။ ဒါပေါ့၊ စိတ်ချရမှ ပေးဖို့ သင့်လျော်ပေတာပေါ့။ ဘယ်သူတွေကို အများဆုံး ပေးဖြစ်သလဲ။

ချိုကုပ်ဒူးကြီး။     ။ တချို့ကိုတော့ စောစောက ပြောတဲ့ ကျုပ်နဲ့ နီးစပ် အဲ … စီးပွားရေးနဲ့ နီးစပ်သူတွေကို ပေးတယ်၊ တော်တော်များများကိုတော့ ဦးပိုင် လက်ထဲ ထည့်လိုက်တာပဲ၊ ဟဲဟဲဟဲ …  ။

ရုက္ခစိုး။     ။ ဦးပိုင် … ဟုတ်လား၊ ဦးပိုင်ဆိုတာ ဘယ်သူလဲ၊ ဒီနာမည် ကြားဖူးသလိုပဲ။

ချိုကုပ်ဒူးကြီး။     ။ ဦးပိုင် ဆိုတာ အကုန်ပိုင်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ လုပ်ငန်းကြီးကြီးမားမား မှန်သမျှနဲ့ ပတ်သက်ပြီး တတ်ကျွမ်း နားလည်သူ ဆိုပါတော့။ ဒီလို တတ်ကျွမ်းပါမှ လုပ်ငန်းကြီးတွေကို ကိုင်တွယ်နိုင်မယ် မဟုတ်လား။

ရုက္ခစိုး။     ။ ဒါပေါ့ … ၊ ဟုတ်တာပေါ့ … ၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။

ဦးရုက္ခစိုး၏ ရေလိုက်ငါးလိုက် သဘောတူမှုကို ကြားလိုက်ရသဖြင့် ချိုကုပ်ဒူးကြီး ၀မ်းသာအယ်လဲ ဖြစ်သွားပြီး သွား အချောင်း ၃၀ ခန့် ပေါ်အောင် ပြုံးလိုက်ရယ်လိုက်မိသည်။

ချိုကုပ်ဒူးကြီး။     ။ ဟီးဟီးဟီးဟီး … … ခင်ဗျား အခုလို ကျုပ်တို့နဲ့ သဘောတူတာ မြင်ရလို့ ၀မ်းသာတယ်။ ကျုပ်တို့ရဲ့ သက်တမ်း အနှစ် ၂၀ ကျော်အတွင်း ကျုပ်တို့ရဲ့ လုပ်ရပ်တွေကို သဘောတူ လက်ခံတဲ့သူ အင်မတိ အင်မတန် ရှားတယ်ဗျာ၊ သိပ်ရှားတယ်၊ အရမ်းအရမ်း ရှားတယ်၊  အဟိ … ။

ထိုသို့ ရယ်မော ပြောဆိုပြီးနောက် ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုး၏ ပခုံးကို လှမ်းဖက်လိုက်သည်။

တကယ်တော့ ဦးရုက္ခစိုးက သဘောတူခြင်း မဟုတ်ပေ။ ချိုကုပ်ဒူးကြီး၏ လက်ချာရိုက်မှုများကို အိမ်ရှင် ပီသစွာ သည်းခံ နားဆင်နေခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် ချိုကုပ်ဒူးကြီး၏ လက်ချာများကို စိတ်ကုန်လာသည်။ ဒေါသ ထွက်လာသည်။ ထို့ကြောင့် သူ့ပခုံးကို ဖက်ပြီး ရယ်မောနေသည့်  ချိုကုပ်ဒူးကြီးကို အဝေးသို့ တွန်းလိုက်သည်။

ဦးရုက္ခစိုးက အတွင်းအားဖြင့် တွန်းထုတ်လိုက်ခြင်း ဖြစ်သောကြောင့် ချိုကုပ်ဒူးကြီး မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျကာ အဝေးသို့ သုံးလေးပတ်ခန့် လိမ့်သွားသည်။ ထို့နောက် အားယူ၍ လူးလဲထပြီး …

ချိုကုပ်ဒူးကြီး။     ။ ခင်ဗျား … ခင်ဗျားကြီး ဘယ်လို လုပ်လိုက်တာလဲ… ။ အား … ကျွတ်ကျွတ်ကျွတ်  … ။

ရုက္ခစိုး။     ။ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့မနေနဲ့ … ။ တိုင်းရင်းသားလုပ်ငန်းရှင်တွေလက်ထဲ လုပ်ငန်းကြီး၊ လုပ်ငန်းငယ်တွေ ထည့်မယ် ဘာမယ် သံကောင်းဟစ်ပြီး အချင်းချင်း ၀ါးစေ၊ ဝေစားလုပ်နေတာ မသိဘူး ထင်နေသလား။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ရသမျှ အကုန် အိတ်ထဲထည့်၊ ကိုပိုင် ဦးပိုင် ဒေါ်ပိုင်လက်ထဲ ထည့်နေတာ မသိဘူး ထင်နေသလား။

ဦးရုက္ခစိုးက ဒေါသဖြင့် အော်ဟစ် ငေါက်ငမ်းလိုက်သဖြင့် ချိုကုပ်ဒူးကြီး လန့်ဖျပ်သွားသည်။ ဦးရုက္ခစိုးက အနီးရှိ တုတ်တချောင်းကို လှမ်းကိုင်လိုက်ချိန်တွင် ချိုကုပ်ဒူးကြီးက ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်သည်။

ရုက္ခစိုး။     ။ လုပ်ငန်းတွေ ပုဂ္ဂလိကပိုင် လုပ်တယ်တို့ ဘာတို့ အော်ချက်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ နေရာမှာ သုံးဦးမယ် မဟုတ်လား။

ဒေါသထွက်နေသည့် ဦးရုက္ခစိုးက ကိုင်ထားသည့် တုတ်ဖြင့် ချိုကုပ်ဒူးကြီးကို လိုက်ရိုက်သဖြင့် လက်ချာအရိုက်ကောင်းသည့် ချိုကုပ်ဒူးကြီးသည်  ရုက္ခစိုး၏ နတ်ကွန်းမှ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေသည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (19)Add Comment
0
nice
written by no no, February 08, 2010
လျှပ်စစ် လုပ်ငန်းတွေ လုပ်ရင် ဓာတ်လိုက်သ တဲ့လား
ချိုကုပ်ဒူးကြီးရဲ့ အေးဂျင့်တွေ ဓာတ်လိုက်တော့ မှာဘဲ
ဟားဟားဟား ဟားဟားဟား ဟားဟား ဟားဟား
0
EXCELLENT
written by REALITY, February 06, 2010
ကျုပ်တို့က သူတို့ကို ပင်လုံ ကျောက်တိုင်နဲ့ တနိုင် ငံလုံးမှာ ရှိတဲ့ ကျောက်တိုင် တွေကို ပေးဖို့ စီစဉ် ထားတယ်။
ကျုပ်တို့ရဲ့ လုပ်ရပ် တွေကို သဘောတူ လက်ခံတဲ့သူ အင်မတိ အင်မတန် ရှားတယ်ဗျာ၊ သိပ်ရှားတယ်၊ အရမ်း အရမ်း ရှားတယ်၊ အဟိ … ။
ရုပ် ကြမ်းကြီးနဲ့ လာ နွဲ့မနေနဲ့ … ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ရသမျှ အကုန် အိတ်ထဲ ထည့်၊ ကိုပိုင် ဦးပိုင် ဒေါ်ပိုင်လက်ထဲ ထည့်နေတာ မသိဘူး ထင်နေသလား။
တယ်...ပါးစပ်ပုပ် နဲ့ အနှီဂျိုကုတ် ဟောဒီ ဒုတ်နဲ့ ကြံ့ဖွတ် တွေလို ကျုပ် ကိုယ်တိုင် အသေရိုက်ပစ် မယ်၊ ဒီတခါ သေဖို့သာ ပြင်ပေရော့....
0
...
written by သားဆိုး, February 05, 2010
ဦးရုက္ခစိုးရေ အဲဒီလို ချိုကုပ်မျိုးကို သာမန် တုတ်နဲ့ မရိုက်နဲ့ သိုင်းလောကထဲက နာမည်ကြိး သူဖုန်းစား ဂိုဏ်းရဲ့ ခွေးရိုက်တုတ် နဲ့ လိုက်ရိုက်ပါဗျာ။

သားဆိုး
0
ိနာနာရိုက်....... သေအောင်ရိုက်
written by Ko Naing, February 05, 2010
ရုက္ခစိုး ရေ ချိုကုပ်ဒူးကြီးကို သေအောင် ရိုက်နော်..
ဒါမှ ပြည်သူ တစ်ရပ်လုံးနဲ့ ဦးရုက္ခစိုး လည်း လွတ်မှာ......
0
နားဝေးသော ရုက္ခစိုး
written by မက္ခရာဓား, February 05, 2010
ဟာ.....ရုက္ခစိုးကြီး၊ လုပ်ပြန်ပြီ .. တယ် နားဝေးသကိုး၊ "ဦးပိုင်" ဆိုဒါ ကျုပ်ရဲ့ ငယ်နံမည် ဗျ။ ကျုပ်မိခင်ကြီးက .. ငါ့သားလေး ကြီးလာရင် "သက်ဦး ဆံပိုင် ဘုရင်တပါး" ဖြစ်လာ ပါစေရယ် ဆိုပြီး အတိတ် အဟိဂ် တွေ ဆောင်ပြီး "ဦးပိုင်"လို့ ချစ်စနိုးမှည့် ခဲ့ဒါ ဗျို့။ ကဲ..ရုက္ခစိုးကြီး မိခင်မေတ္တာ ဘယ်လောက် ကြီးမားတယ် ဆိုဒါ မျက်ဝါး ထင်ထင် တွေ့ပြီ မဟုတ်လား?... အဟက်အဟက်။

တယ်...ပါးစပ်ပုပ် နဲ့ အနှီဂျိုကုတ် ဟောဒီဒုတ်နဲ့ ကြံ့ဖွတ် တွေလို ကျုပ် ကိုယ်တိုင် အသေရိုက်ပစ် မယ်၊ ဒီတခါ သေဖို့သာ ပြင်ပေရော့....
0
...
written by aung lay, February 05, 2010
the best sentence is သူတို့က ပင်လုံ စာချုပ်တို့၊ ပင်လုံကျောက်တိုင် တို့ အကြောင်း သိပ်ပြောတယ် မဟုတ်လား။
ဒီတော့ … ကျုပ်တို့က သူတို့ကို ပင်လုံ ကျောက်တိုင်နဲ့ တနိုင်ငံလုံး မှာရှိတဲ့ ကျောက်တိုင်ေ တွကို ပေးဖို့ စီစဉ်ထားတယ်။
0
fun
written by kowin, February 04, 2010
ချိုကုပ်ဒူးကြီးက သိပ်သနားတတ်တာပဲ၊ "လျှပ်စစ် လုပ်ငန်းတွေ ပေးလိုက်ရင် တိုင်းရင်းသားတွေ ဓာတ်လိုက်ေ နပါဦးမယ်" တဲ့။
ဟားဟားဟား
0
အသေရိုက်
written by ကျော်မင်းထွန်း, February 04, 2010
smilies/grin.gifsmilies/grin.gifsmilies/grin.gif ဟီးဟီးဟီး ရိုက်ထား ရိုက်ထား
0
ချ သာ ချ ဖြစ်သမျှ တာဝန်ယူမယ်
written by ဘမျိုး, February 04, 2010
အသေသာ ရိုက်လိုက်စမ်းပါ ဦးရုက္ခစိုးရယ်
0
lmfao
written by zzz, February 04, 2010
smilies/grin.gifsmilies/cheesy.gif lmfao ချိုကုပ်ဒူးကြီး
0
မိုက်တယ်ဗျာ။
written by ညီလေး, February 03, 2010
ဖတ်သမျှ ဇာတ်လမ်းမှာ ဦးရုက္ခစိုး ခံရတာများတယ်။ ဒီတခါတော့ ချိုကုပ်ဒူးကြီး ပြေးရပြီပေါ့။ ဦးရုက္ခစိုးက ဒီနေရာမှာ
နတ်တွေရဲ့ တန်ခိုး ဘယ်သွားထား နေပါလိမ့်။ သစ်ပင်ရင်း ကြိုးတုပ်ပြီး ခါချဉ်ကောင်တွေ လွှတ်ပေးလိုက်ရင် ဒီဘဲကြီး
ဖီးလ်တက် နေမှာ မြင်ယောင်သေး။ အဲလို လုပ်လိုက်ပါလား။
0
ရိုက်လိုက်
written by Raja, February 03, 2010
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ချိုကုတ်ကို သေအောင်သာ ရိုက်လိုက်ပါ ဦးရုကစိုး
0
many thanks
written by ko myo aung, February 03, 2010
i say U Yoke ka Soe, use all inside force when you beat him smilies/cheesy.gif Wah haa haa.
0
What you said is true!
written by Ko San Tint, February 03, 2010
After reading this article and news at Irrawaddy Website, I don't see anything funny. Bo Than Shwe's privatization in Burma is just a stunt of an idiot. I worried more for my homeland.
0
မပိုင်ဆိုင်နိုင်သေ အရာ
written by ပုဂ္ဂလိ, February 03, 2010
ပုဂ္ဂလိကပိုင် ဘဲ ပြောပြော၊ ပြည်သူပိုင် ဘဲ ပြောပြော နောက်ဆုံးတော့ ချိုဂုပ်ပိုင် ပါဘဲခင်ဗျ။ ဗမာပြည်မှာ ချိုကုပ်ဒူးကြီး မပိုင်တာ အိုခြင်း တရားရယ်၊ နာခြင်း တရားရယ်၊ သေခြင်း တရားရယ် ဒီသုံးခုဘဲ မပိုင်တာပါ။
0
...
written by nga saw gyi, February 03, 2010
ချိုကုပ်ဒူးကြီး၏ ငယ်နာမည်က နိုင်ငံတော်။ ပုဂ္ဂလိက ဆိုတာက ဦးတေဇရဲ့ ငယ်နာမည် ဖြစ်မယ်။
0
အော် .... ဦးပိုင်
written by ဒီဇင်ဘာလွမ်း, February 03, 2010
ရိုက်ရင် သေချာ ထိအောင် ရိုက်ဗျာ နောက်တစ်ခေါက် အာဏာသိမ်းတာ မခံနိုင်ဘူးဗျို့ .... ဦးပိုင် ဆိုတာလဲ အမှန်က သူုပဲ ပိုင်တာပါ ...
0
...
written by Ko Gyi Thar, February 03, 2010
Hi! Editor
This is not Ko TarTay writing style. I think someone replaced him. If he is away with vacation, thats fine.
Thanks.smilies/grin.gif
0
go ahead
written by tt, February 03, 2010
အိုင်ဆေး … ဦးရုက္ခစိုး … ဒီ လူ ကြီး ကို ထိ အောင် လိုက် ရိုက် နော်

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Friday, 05 February 2010 09:08 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်