ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေသည်။ သူ့ထံ တဖွဲဖွဲ ရောက်နေသော ထောက်လှမ်းရေး တပ်ဖွဲ့တို့၏ အစီရင်ခံစာများ၊ ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးတို့က ပို့လာသည့် ထိပ်တန်း လျှို့ဝှက် သတင်းလွှာများတွင် ၂ဝ၁၂ ခုနှစ်၌
ကမ္ဘာပျက်မည်ဟု သတင်း အတိအကျ ရကြောင်း ရေးထားကြသောကြောင့် ဖြစ်လေသည်။
ထုံးစံအတိုင်း သူ၏ အခါပေး ဗေဒင်ဆရာ၊ နက္ခဗေဒပညာရှင်များကို ဖုန်းဆက်ပြီး ကမ္ဘာပျက်မည်ဟု သတင်းရကြောင်း၊ မည်သည့်အချိန်တွင် ပျက်မည် ဆိုသည်ကို သိလိုကြောင်း မေးလိုက်သည်။ သူ၏ အခါပေး ဆရာကြီးများလည်း ချက်ချင်း အလုပ်ရှုပ်သွားပြီး ကမန်းကတန်း တွက်ချက်ကြရလေသည်။ဆရာကြီးများထံမှ တွက်ချက် ခန့်မှန်းမှုများ ရောက်လာသောအခါ တွက်ချက်မှု အားလုံးက တူနေကြ၏။ ၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီတိတိတွင် ကမ္ဘာပျက်မည် ဟူသတည်း။
ထို့ကြောင့် ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေခြင်း ဖြစ်သည်။ စိတ်ညစ်သဖြင့် အိပ်ရေးပျက်၊ အစားအသောက် ပျက်သည့် ၁၂ ရက်မြောက်နေ့တွင် မြေးတော်မောင် မျောက်မူးလဲက သူ့ထံ ရောက်လာသည်။ ချစ်လှစွာသော သူ၏ ဘိုးအတွက် အကြံကောင်းတခု ပေးလေသည်။
မျောက်မူးလဲ။ ။ ယိုးဒယားမှာ ဘိုးဘိုးကြီး အတိတ်မေ့သွားတုန်းက ပြန်သတိရလာအောင် လုပ်တဲ့နည်း ပေးတဲ့သူကို မှတ်မိလား။
ချိုကုပ်ဒူးကြီး။ ။ အတိတ်မေ့ပါတယ် ဆိုမှ ငါ ဘယ်မှတ်မိမလဲကွ။ သူ ဘယ်သူလည်း၊ မင်းတို့အဘွား ကွိုင်ကွိုင်လား။
မျောက်မူးလဲ။ ။ ဟုတ်ပါဘူး။ အဘွားကြီးက ဘာမှ မသိပါဘူး။ ယိုးဒယား ရောက်နေတဲ့ အဲဒီပုဂ္ဂိုလ်က အရမ်း အစွမ်းထက်တာ။ သူ့မှာ အိုင်ဒီယာ အလန်းစားတွေ အများကြီး ရှိပုံရတယ်။ သူ့ကို မေးကြည့်ပါလား။ ကမ္ဘာပျက်ရင် ဘယ်လို အသက်ဆက်ရှင်မလဲ ဆိုတာ သူသိမှာပေါ့။
ဤသို့ဖြင့် ချိုကုပ်ဒူးကြီးက ချင်းမိုင် ရုက္ခစိုးကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး သူ့အား ကူညီ စောင်မရန် အပူကပ်လေသည်။ ကမ္ဘာပျက်မည်ဟု ယုံကြည်နေသည့် ချိုကုပ်ဒူးကြီးကို နှစ်သိမ့်ရန် ရုက္ခစိုးကြီး နေပြည်တော်သို့ ရောက်သွားလေသည်။
ချိုကုပ်ဒူးကြီး။ ။ ဦးရုက္ခစိုးရေ … ကမ္ဘာပျက်တော့မယ် တဲ့၊ ဘယ်လို လုပ်ကြမလဲ။ ကျုပ်ရဲ့ ဗေဒင်ဆရာတွေကလည်း ပြောတယ် ယတြာချေလည်း မရဘူး၊ ပျက်မှာပဲ … တဲ့။
ရုက္ခစိုး။ ။ ဒါက ဒီလိုရှိတယ် ချိုကုပ်ဒူးကြီးရဲ့။ မြောက်အမေရိကတိုက် မာယာလူမျိုးတွေက … …
ချိုကုပ်ဒူးကြီး။ ။ အဲဒီ မာယာလူမျိုးတွေအကြောင်း ကျုပ် အကုန်သိပြီးပြီ။ သူတို့ရဲ့ ပြက္ခဒိန်က နောက် ၃ နှစ်ဆို ကုန်ပြီ … တဲ့။ ကမ္ဘာလည်း ပျက်ပြီ … တဲ့၊ ကဲ … ဒါထက် သေချာတာ ဘာရှိဦးမလဲ။
ရုက္ခစိုး။ ။ နာဆာ လို့ ခေါ်တဲ့ အမေရိကန် အာကာသသိပ္ပံ လေ့လာရေး အဖွဲ့ကြီးကလည်း အဲဒီသတင်း မှားတယ်လို့ ပြောထားတယ်နော်။
ချိုကုပ်ဒူးကြီး။ ။ အမေရိကန်တွေ ပြောတိုင်း လက်ခံရမှာလား၊ ခက်လိုက်ပါဘိ ဦးရုက္ခစိုးရယ်။ ကမ္ဘာက ပျက်ဖို့ ၃ နှစ်ပဲ လိုတော့တာနော်။ ရုပ်ရှင်တွေထဲမှာ ရိုက်ထားတာ ကွက်ကွက် ကွင်းကွင်းပဲ တဲ့၊ သူတို့ အမေကြီးကားက ကာလီဖိုးနီးယား ပြည်နယ်ကြီးတောင် ရေထဲကို မြှုပ်သွားတာတဲ့။
ရုက္ခစိုး။ ။ အင်း … ဒီလောက်တောင် ကမ္ဘာပျက်မယ် ဆိုတာကို ယုံနေရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေါ့။ ဒါဆို နာမည်ကောင်း ရမယ်လေ။
ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာကတော့ သေချာပေါက် ပျက်မှာ။ ဒါပေမယ့် အောင်ဆန်းစုကြည်ကိုတော့ လွှတ်ပေးလို့ မဖြစ်ဘူး။ မဖြစ်လို့ ထောင်တောင် ၃ နှစ် ချထားတာ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ ဟ … ကမ္ဘာပျက်မယ်ဆို လွှတ်ပေးရမှာပေါ့။
ဦးရုက္ခစိုး၏ စကားကြောင့် ချိုကုပ်ဒူးကြီး ဒေါသ အချောင်းလိုက် ထွက်သွား၏။ နဖူးကြောများ ထောင်လာ၏။ ဦးရုက္ခစိုးကို မျက်စောင်းထိုးလိုက်လေသည်။ ချိုကုပ်ဒူးကြီးက ဒဏ္ဍာရီထဲမှ နဂါးမင်း မဟုတ်သောကြောင့်သာ ဦးရုက္ခစိုး မီးတောက်လောင်မသွားခြင်း ဖြစ်၏။
ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာပျက်ဖို့ ၃ နှစ် လိုသေးလို့ သူ့ကို ထောင် ၃ နှစ်ပဲ ချထားတာပေါ့။ ၅ နှစ်လိုမယ် ဆိုရင် ၅ နှစ် ချမှာပေါ့။
ရုက္ခစိုး။ ။ ဟိုက် … ဒေါ်အောင်ဆန်းစုကြည်ကို ၁ နှစ်ခွဲပဲ ချထားတာ မဟုတ်ဘူးလား။ ၁ နှစ်ခွဲ လျှော့ပြီးပြီဆို။
ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီးက လည်မလိုလိုနဲ့ တော်တော် တုံးသေးတာပဲ။ ကျုပ်ရဲ့ ကြေညာချက်ကို သေချာ ပြန်ဖတ်လိုက်ဦး၊ ၁ နှစ်ခွဲ လျှော့တယ် သို့သော် စည်းကမ်းရှိရှိ နေရမယ်၊ ရင့်ကျက်ရမယ် ဆိုတဲ့ ခြွင်းချက်တွေနဲ့ ချည်ထားတာ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ သြော် … ဟုတ်ပေသားပဲ။
ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး ကျုပ်ကို စကားလမ်းကြောင်း ပြောင်းဖို့ မစဉ်းစားနဲ့။ ကမ္ဘာပျက်တော့မယ် တဲ့၊ လုပ်စမ်းပါဦး၊ ခင်ဗျားကို သစ်ပင် လေးငါးပင် မကဘူး၊ သစ်တောကြိုးဝိုင်း လေးငါးခု ပေးပါ့မယ်။
ကမ္ဘာပျက်တော့မည်ဟု ပြောပြီး သစ်တောကြိုးဝိုင်းများ လက်ညှိုးထိုးပေးမည် ဆိုသဖြင့် ဦးရုက္ခစိုး စိတ်ညစ်သွားသည်။
ရုက္ခစိုး။ ။ ကမ္ဘာပျက်ပြီဆိုမှ ဒီသစ်ပင်တွေမှာ နေလို့ ဘယ်ရတော့မှာလဲ။
ချိုကုပ်ဒူးကြီး။ ။ စဉ်းစားဗျာ။ ခင်ဗျားကြီးမှာ အိုင်ဒီယာ ကောင်းကောင်းလေးတွေ ရှိတတ်တယ် ဆိုလို့ ကျုပ်မြေးကတော့ အင်မတန် အထင်ကြီးနေတာ။
ရုက္ခစိုး။ ။ ကမ္ဘာပျက်မယ့် အချိန်မှာ ချိုကုပ်ဒူးကြီးက ဘာဖြစ်ချင်တာလဲ။
ချိုကုပ်ဒူးကြီး။ ။ ကျုပ်လား … ကျုပ်က ကမ္ဘာပျက်တဲ့အချိန်မှာ အသက် မသေချင်ဘူး၊ ပြီးတော့ အာဏာလည်း ဆက်ပြီး ကိုင်ထားချင်သေးတယ်။
ဦးရုက္ခစိုးလည်း အကြီးအကျယ် စိတ်ညစ်သွားသည်။ ကမ္ဘာပျက်မည်ဆိုသည့် သတင်းမှားများကြောင့် ပျာယာခပ်နေသည့် ချိုကုပ်ဒူးကြီးအတွက် နှစ်သိမ့် ဆွေးနွေး ပညာပေးရမည့် နည်းလမ်းများ အမှန်တကယ် လိုအပ်သည်ဟုလည်း တွေးနေမိသည်။
ချိုကုပ်ဒူးကြီး။ ။ စဉ်းစားစမ်းပါ။ ခင်ဗျားကြီးကို ကျုပ်က မြိုးမြိုးမြက်မြက် ပေးမှာပါ။
ရုက္ခစိုး။ ။ နည်းလမ်းတခုတော့ ရှိတယ်၊ အဲဒါ … အလုပ်ဖြစ်မလားတော့ မသိဘူး။
ချိုကုပ်ဒူးကြီး။ ။ (မျက်လုံးများ ပြူးထွက်လာပြီး) ဘာနည်းလမ်းလဲ၊ ပြောပါဦး။
ရုက္ခစိုး။ ။ နေပြည်တော်မှာ လိုဏ်တွေ အခိုင်အခန့် တူးနေတယ်ဆိုတော့ အဲဒီထဲမှာ ၀င်နေပေါ့ဗျ။ ကမ္ဘာပျက်မှာကို ဘာကြောက်စရာ ရှိမလဲ။
ချိုကုပ်ဒူးကြီး။ ။ မရဘူး … မရဘူး … ၊ ကမ္ဘာပျက်ရင် အဲဒီ တောင်တွေကြားမှာ ဖောက်ထားတဲ့ လိုဏ်တွေလည်း ပျက်မှာပဲလို့ မြောက်ကိုရီးယား ပညာရှင်တွေက ကျုပ်ကို ပြောပြီးပြီ၊ သူတို့လည်း အာမ မခံဘူး တဲ့။ အဟင့် … ငိုချင်လာပြီ။
ငိုမည့်ဟန် ပြင်နေသည့် ချိုကုပ်ဒူးကြီးကို ကြည့်ပြီး ဦးရုက္ခစိုး အကြံတခု ရလာသည်။
ရုက္ခစိုး။ ။ ဒီလိုလုပ်ပါလား။
ချိုကုပ်ဒူးကြီး။ ။ ဘယ်လို လုပ်ရမှာလဲ။
ရုက္ခစိုး။ ။ အခု တူးနေတဲ့ လိုဏ်တွေကို ဆက်တူးလိုက်။ ဒါပေမယ့် လမ်းကြောင်း ပြောင်းရမယ်။ ဟိုး … မြေကြီးအောက်ကို ဆက်ပြီးတူးပေါ့။
ချိုကုပ်ဒူးကြီး။ ။ ခပ်နက်နက် တူးရမှာပေါ့ … ဟုတ်လား။
ရုက္ခစိုး။ ။ ဟုတ်တယ်၊ နက်နက် တူး၊ ငရဲပြည်ရောက်တဲ့အထိတူး။ ကမ္ဘာပျက်လည်း ငရဲပြည်က ပျက်မှာမှ မဟုတ်တာ။ အဲဒီမှာ နေပေါ့။
ချိုကုပ်ဒူးကြီး အနည်းငယ် တွေဝေသွားသည်။ ရင်တဒိတ်ဒိတ် ခုန်လာပြီး ညာဘက်လက်ညှိုးကိုပင် ပါးစပ်ထဲထည့်၍ ကိုက်ထားလိုက်မိသည်။
ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး စိတ်ကူးကတော့ သိပ်ကောင်းတယ်၊ ဂွတ်ရှယ်ပဲ၊ ဒါပေမယ့် ကျုပ်က အဲဒီမှာဆို သာမန်လူ ဖြစ်သွားမှာ။ အာဏာ မရှိတော့ဘူး။
ရုက္ခစိုး။ ။ (ခွက်ထိုးခွက်လှန် ရယ်မောပြီး) ငရဲပြည်မှာ အာဏာရှိဖို့က လွယ်လွယ်လေး။
ချိုကုပ်ဒူးကြီး။ ။ ဟာ … ဟုတ်လား၊ လွယ်သလား။ ယမမင်းက ခင်ဗျားနဲ့ သိသလား။
ရုက္ခစိုး။ ။ သိစရာ မလိုပါဘူး။ ချိုကုပ်ဒူးကြီး ငရဲပြည်ရောက်တဲ့အခါ ငရဲပြည်က ယမမင်းကို အာဏာသိမ်းလိုက်ပေါ့ဗျာ၊ အဲဒါဆို အာဏာရှိသွားမှာပေါ့။
ချိုကုပ်ဒူးကြီး၏ မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ထို့နောက် အကြံကောင်း ဉာဏ်ကောင်း၊ အိုင်ဒီယာကောင်း ပေးသည့် ဦးရုက္ခစိုးကို ၀မ်းသာအားရ ဖက်ပြီး နမ်းလိုက်လေသည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Set as favorite
Bookmark
Email this
Hits: 9900
written by fun, November 12, 2009
thanks for the writing.
i am happy to read this one
general than shwe will like to read this one. it's funny.
of course, he will get a little bit angry.
if he loves laughing, he will not angry with your writing.
i am happy to read this one
general than shwe will like to read this one. it's funny.
of course, he will get a little bit angry.
if he loves laughing, he will not angry with your writing.
written by george, November 11, 2009
you whole family turn is coming soon, same as Sandar Win. After your fall, nobody will look after your family. Same as Sandar Win , especially your grandson he will be the same as Nay Win"s grandson. your grandson will be the same may be end up worst
written by khosin08, November 10, 2009
ငါ့ အာဏာကို မင်းကိုလွဲပေးလိုက်ပြီ နော် ငရွှေရူး
written by REALITY, November 08, 2009
Saya Yangon Thar Tarte,
Bravo!! You are the best Burmese satire writer I have ever known.
Bravo!! You are the best Burmese satire writer I have ever known.
written by Tunwin, November 06, 2009
This is a good article with good idea. I appreciate the writer for his creation.
written by one, November 05, 2009
Yesterday, Gen. Than Shwe send a representative to the Hell in order to know the condition over there.
His name is U Win Aung.
He is going to report to Gen. Than Shwe soon.
His name is U Win Aung.
He is going to report to Gen. Than Shwe soon.
written by Nyo M.N, November 04, 2009
သူ ငရဲပြည်သွားမယ် ဆိုရင် ကုသိုလ် ကောင်းမှု များများ လုပ်ထားကြဗျို့..
ဆက် အုပ်ချုပ်တာကို မခံရအောင်လို့..
သူ အသက် ရှည်နေတာ ယမမင်းက သူ့နေရာ လုမှာ ကြောက်ပြီး အသက်ကို extend ထပ် လုပ်ပေးထားတာ တဲ့ဗျ..
ခုတော့ extension လက်မခံတော့ဘူး ဆိုလို့ သွားရဖို့ နီးနေပါပြီ.. ယမမင်းကြီးလည်း စိတ်ဓါတ် ကျနေရှာပြီတဲ့..
ရေစက် ရှိတဲ့ သူတွေကတော့ လိုက် သွားကြပေါ့..
ဟိုရောက်ရင် လက်ရှိ ရာထူး အတိုင်း ဆက်ပေးမှာတဲ့.. မလိုက် လို့တော့ မရတော့ဘူးနော်..
နာမည် စာရင်းက ဟိုမှာ ကြို ရောက်နေပြီတဲ့..
ယူနီဖောင်း တွေရော အပွင့်ကြီး အပွင့် သေးတွေရော နေစရာ တွေရော ရုံးတွေရော အားလုံး.. ready လုပ်ထားပြီးတာ
ကြက်ပြေး နေပြည်တော်ကြီးအတိုင်းပဲတဲ့..
တက်ကုန်း နေပြည်တော် အသံလွှင့်ရြုံ ကီးကနေ သူတို့ သွားခါနီးရင် ပြည်သူ လူထုကို နှုတ်ဆက်မှာ..
ခုတော့ သူတို့ အရင် သွားနှင့်တဲ့ သွားလေသူ တချို့ကို လိုက် စည်းရုံးနေတယ် ကြားတယ်..
ငရဲပြည်မှာ အာဏာ သိမ်းရတာ လွယ်ကူအောင်လို့ တဲ့လေ..
ဆက် အုပ်ချုပ်တာကို မခံရအောင်လို့..
သူ အသက် ရှည်နေတာ ယမမင်းက သူ့နေရာ လုမှာ ကြောက်ပြီး အသက်ကို extend ထပ် လုပ်ပေးထားတာ တဲ့ဗျ..
ခုတော့ extension လက်မခံတော့ဘူး ဆိုလို့ သွားရဖို့ နီးနေပါပြီ.. ယမမင်းကြီးလည်း စိတ်ဓါတ် ကျနေရှာပြီတဲ့..
ရေစက် ရှိတဲ့ သူတွေကတော့ လိုက် သွားကြပေါ့..
ဟိုရောက်ရင် လက်ရှိ ရာထူး အတိုင်း ဆက်ပေးမှာတဲ့.. မလိုက် လို့တော့ မရတော့ဘူးနော်..
နာမည် စာရင်းက ဟိုမှာ ကြို ရောက်နေပြီတဲ့..
ယူနီဖောင်း တွေရော အပွင့်ကြီး အပွင့် သေးတွေရော နေစရာ တွေရော ရုံးတွေရော အားလုံး.. ready လုပ်ထားပြီးတာ
ကြက်ပြေး နေပြည်တော်ကြီးအတိုင်းပဲတဲ့..
တက်ကုန်း နေပြည်တော် အသံလွှင့်ရြုံ ကီးကနေ သူတို့ သွားခါနီးရင် ပြည်သူ လူထုကို နှုတ်ဆက်မှာ..
ခုတော့ သူတို့ အရင် သွားနှင့်တဲ့ သွားလေသူ တချို့ကို လိုက် စည်းရုံးနေတယ် ကြားတယ်..
ငရဲပြည်မှာ အာဏာ သိမ်းရတာ လွယ်ကူအောင်လို့ တဲ့လေ..
Write comment















