ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး၏ ဒိုင်ယာလော့

E-mail Print
ဖိုးရှုပ်၏ ရှုပ်ပွနေသော အခန်းသို့ ဦးရုက္ခစိုး နှင့် ကြွက်စုတ်တို့ ရောက်လာသည်။ ကွန်ပျူတာ တလုံးနှင့် အလုပ်ရှုပ်နေသော ဖိုးရှုပ်ကို သူတို့နှစ်ဦးက တယောက်တပေါက် နှုတ်ဆက် လိုက်ကြသည်။

ကြွက်စုတ်။   ။ ဟေ့ သူငယ်ချင်း၊ ဘာတွေ ကြည့်နေတာလဲ။ You Tube ပေါ်က မိုးဟေကိုရဲ့ လန်ဒန်စတိတ်ရှိုးကို ခံစားနေတာလား။

ရုက္ခစိုး။     ။ သတင်းထောက်က အလုပ်များနေလို့ ငါ့ဆီ ရောက်မလာဘူး ထင်တာ လက်စသတ်တော့ အိမ်တွင်းပုန်းပြီး စတိတ်ရှိုး ကြည့်နေတယ်ပေါ့လေ။

ဖိုးရှုပ်။     ။ ဘာစတိတ်ရှိုးမှ မကြည့်အားဘူး၊ ကြည့်ဖို့လည်း မလိုဘူး၊ မိုးဟေကို နဲ့ ကျနော်နဲ့ ပြင်သစ်မှာ တွေ့ဖို့ ချိန်းထားပြီးသား။

ကြွက်စုတ်။   ။ ဟာ … ဟ … သတင်းထောက်ကလည်း လူရွှင်တော်နဲ့ တူနေပြီ။ ကဲ … စကား ကောင်းကောင်းပြောကွာ၊ မင်း ဘာလုပ်နေတာလဲ။

ဖိုးရှုပ်။     ။ အသံ ခိုးဖမ်းထားတာ နားထောင်မလို့ကွ။

ရုက္ခစိုး။     ။ နာနာနဲ့ မျိုးမျိုး ဖုန်းထဲမှာ ပြောတဲ့ဟာတွေလား။ အဲဒါ အန်းတစ် ဖြစ်သွားပြီလေ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကလည်း ဒါတွေ သိသားပဲ။ အခု ကျနော့်ဆီ ရောက်နေက နာနာတို့ မျိုးမျိုးတို့ထက် အပုံကြီး ကြီးတယ်ဗျ။

ဖိုးရှုပ်၏ စကားအဆုံးတွင်  ကြွက်စုတ်က တံတွေးမြိုချလိုက်သည်။

ဖိုးရှုပ်။     ။ ကဲ … လိုရင်းကို ပြောရရင် ဟိုတလောက ဘန်ကီမွန်းကြီး မြန်မာပြည်သွားတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တယ်မဟုတ်လား။ သူတို့နှစ်ယောက် ပြောတာတွေကို အသံဖမ်းထားတာ အခု ကျနော့်ဆီ ရောက်နေသဗျ။

ရုက္ခစိုး။     ။ ဟာ ဒါဆိုရင် ဖွင့်လေကွာ၊ တို့လည်း နားထောင်ရအောင်။

ဖိုးရှုပ်က သူရထားသည့် စီဒီကို ကွန်ပျူတာထဲ ထည့်ပြီး ဖွင့်လိုက်သည်။ မစ္စတာ ဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် ဒုတိယနေ့က ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ စကားပြောဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ဘန်ကီမွန်း၏အသံက စိတ်ဓာတ် ကျနေသည့်အသံ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးကမူ ပျော်ရွှင်နေပုံရသည်။ တချက်တချက် ဘန်ကီမွန်းကို နှိပ်ကွပ်လိုက်သေးသည်။

ဗိုလ်ချုပ်မှူးကြီး။     ။ မနေ့ကလည်း ဒါပဲ၊ ဒီကနေ့လည်း ဒါပဲ၊ ခင်ဗျားကြီးမှာ ပြောစရာစကား မရှိတော့ဘူးလား။

ဘန်ကီမွန်း။     ။ ဒါက ဒီလိုရှိတယ်လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှ မြန်မာပြည်မှာ ဒီမိုကရေစီ … …

ဗိုလ်ချုပ်မှူးကြီး။     ။ ကျုပ် အကြိမ် ၁ဝဝ ပြောပြီးပြီပဲ၊ ကျုပ်တို့မှာ လမ်းပြမြေပုံ ရှိတယ်၊ အားလုံး အဆင်ပြေစေရမယ်၊  အောင်ဆန်းစုကြည်ကို မလွှတ်နိုင်ဘူး၊ ခင်ဗျားနဲ့လည်း ပေးမတွေ့ဘူး … ဒါပဲ။

ဘန်ကီမွန်း။     ။ ဒါဆို … ကျနော် မြန်မာပြည်လာတာ အလကား ဖြစ်ပြီပေါ့။

ဗိုလ်ချုပ်မှူးကြီး။     ။ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး၊ ခင်ဗျား ကျုပ်နဲ့ ၂ ကြိမ်တွေ့ရတယ်လေ။ ဒါ နည်းနည်းနောနော အခွင့်အရေးမှ မဟုတ်တာ။ ဟဲဟဲဟဲ … အိုး … နိုး … နိုး … နိုး … … ဒေါသ မထွက်နဲ့လေ၊ ကုလသမဂ္ဂ ခေါင်းဆောင် ဆိုတာ အင်မတန် သံတမန်ဆန်ရမယ် မဟုတ်လား။

ဘန်ကီမွန်း။     ။ သေချာပါတယ်လေ၊ ကျနော် ဒီကိုလာတာ အလကား ဖြစ်ပါပြီ။ ကျနော် ပြန်ရင်တော့ ခင်ဗျားတို့က ပြောအားရှိပြီပေါ့၊ ကျနော့်ကို ၂ ကြိမ်တောင် တွေ့တယ်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိတယ် ဆိုပြီး အော်ချက် ထုတ်တော့မှာပဲ။

အသံများ ခေတ္တ တိတ်သွားသည်။ ထို့နောက် ရုပ်ရှင်ထဲမှ လူကြမ်း၏ ခြောက်ကပ်ကပ်ရယ်သံနှင့် ခပ်ဆင်ဆင် တူသော ဗိုလ်ချုပ်မှူးကြီး၏ ရယ်သံ ထွက်ပေါ်လာသည်။

ဘန်ကီမွန်း။     ။ ခင်ဗျား သိပ်ရယ်မနေနဲ့။ မြန်မာပြည် ဘာဖြစ်နေလဲ သိတယ်မဟုတ်လား။ လူတွေလည်း စုတ်ပြတ်နေတာပဲ။ မတွေ့ဘူးလား။

ဗိုလ်ချုပ်မှူးကြီး။     ။ ဒါကြောင့် ကျုပ်က နေပြည်တော်ကို ရွှေ့လာရတာပေါ့။ ဒီရောက်တော့ အဲဒါတွေ သိပ် မတွေ့တော့ဘူး။ ဟဲဟဲဟဲ … ။

ဘန်ကီမွန်း။     ။ ရယ်မနေနဲ့၊ ရန်ကုန်မှာ လူတွေက ပြောနေကြပြီ၊ ဘယ်သူ သေသေ ငရွှေမာရင်ပြီးရော တဲ့။

ဘန်ကီမွန်း၏ စကားအဆုံးတွင် စားပွဲကို လက်သီးဖြင့် ထုသံ ဝုန်းခနဲ ပေါ်ထွက်လာသည်။

ဗိုလ်ချုပ်မှူးကြီး။     ။ အား … ကျွတ် ကျွတ် ကျွတ် ကျွတ် ကျွတ် …  ငရွှေမာလိုက်တာ … အဲ … နာလိုက်တာ၊ နာလိုက်တာ … ။

ဘန်ကီမွန်း။     ။ ခင်ဗျားနဲ့တော့ ခက်တော့တာပဲ၊ အရာရာကို အင်အားသုံး ဖြေရှင်းလို့ မရဘူးဗျ။

ဗိုလ်ချုပ်မှူးကြီး။     ။ ဘယ်သူလဲ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော ဆိုတာ ဘယ်သူတွေလဲ ပြောတာ၊ ကျုပ်ကို အဲဒီလူတွေရဲ့ နာမည်တွေ အချက်အလက်တွေပေး။ ပြီးရင် ခင်ဗျား တွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ဗျားကို ပေးတွေ့မယ်။

ဘန်ကီမွန်း။     ။ ဟာ … ဒီနာမည်တွေ ထုတ်ပြောလို့တော့ ဘယ်ဖြစ်မလဲ၊ စိတ်ကို လျှော့ပါဗျာ၊ ထစ်ခနဲရှိ ချေမှုန်းမယ်၊ ဘာမယ်၊ ညာမယ်ဆိုတာ ဟန်မကျပါဘူး။ ခင်ဗျားဘက်က သဘောထား ပျော့ပြောင်းတယ်၊ အပြောင်းအလဲ လုပ်ဖို့ အသင့်ပဲ ဆိုတာတွေကို ကမ္ဘာက မျှော်လင့်နေကြတာနော်။

ဗိုလ်ချုပ်မှူးကြီး။     ။ ဒါလေးများ လွယ်ပါတယ် မစ္စတာ ကင်မ်ချီ အဲ … မစ္စတာ ဘန်ကီမွန်းရယ်။ ကျုပ်တို့ ဖမ်းထားတာ အများကြီး ရှိပါတယ်။ လူတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးလိုက်ဖို့ ကျုပ် ဝန်မလေးပါဘူး။

ဘန်ကီမွန်း။     ။ ဟုတ်ပြီဗျာ၊ ကျနော်လည်း ခင်ဗျားရဲ့ လမ်းပျောက်မြေပုံ အဲ … ဆောရီး … မှားသွားတယ် … ခင်ဗျားရဲ့ လမ်းပြမြေပုံမှာ ပါတဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး ပြောပေးမယ်။ ခင်ဗျားဘက်ကလည်း အကျဉ်းသားတွေကို လွှတ်ပေးဖို့တော့ လိုတယ်။ ပြီးတော့ ဒေါ် … …

ဘန်ကီမွန်း စကားမဆုံးမီ ဗိုလ်ချုပ်မှူးကြီးက ဖြတ်ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး။     ။ တခု ဖြတ်မေးဦးမယ်၊ ဟို အမေရိကန်ကောင်တွေက ကျုပ်တို့နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ် ကြားသလဲ။

ဘန်ကီမွန်း။     ။ ခင်ဗျားတို့ကိစ္စက သူတို့အတွက်  ခေါင်းကိုက်စရာ ကိစ္စလေးတခုပေါ့။ ခေါင်းကိုက်တယ်ဆိုလို့ အရေးကြီးအဆင့်လို့ မထင်လိုက်နဲ့၊ မြန်မာပြည်အရေးကို ဘာဆက်လုပ်ရမှန်း မသိတာကို ပြောတာ။ ဒါနဲ့ပဲ မူဝါဒပြင်ဖို့ စောင့်ကြည့်နေတယ် လို့ ဟိုတလောက ပြောနေတယ်။ အနည်းဆုံးတော့  လူကြားကောင်းတာပေါ့။

ဗိုလ်ချုပ်မှူးကြီး။     ။ တော်သေးတာပေါ့ဗျာ။ ကျုပ်က နေပြည်တော်မှာ လိုဏ်ဂူတွေ တူးနေတာ မပြီးသေးဘူး။

ဗိုလ်ချုပ်မှူးကြီး၏ စကားကြောင့် ဘန်ကီမွန်းက တခစ်ခစ် ရယ်လိုက်လေသည်။

ဗိုလ်ချုပ်မှူးကြီး။     ။ ခင်ဗျားက ဘာတွေ သဘောကျနေတာလဲ။

ဘန်ကီမွန်း။     ။ နိုင်ငံတကာမှာ လကမ္ဘာပေါ်ကို ပြန်သွားဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ ခင်ဗျားက လိုဏ်ဂူတွေတူးပြီး မြေကြီးထဲ ဝင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်ဆိုတာကို သဘောကျလို့ပါ ခစ်ခစ်ခစ်ခစ် … …

ဘန်ကီမွန်း၏ အဆက်မပြတ် ရယ်သံများ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ်မှူးကြီး။     ။ ခင်ဗျားရယ်သံကို နားထောင်ဖို့ ကျုပ်မှာ အချိန်မရှိဘူး၊ ဗေဒင်ဆရာနဲ့ တွေ့ရဦးမယ်၊ တရုတ်သိုင်းကားလည်း ကြည့်စရာ ရှိသေးတယ်။ ကဲ … ဘာပြောဦးမလဲ။

ဘန်ကီမွန်း။     ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ ဒီတခုပဲ ကျနော် တောင်းဆိုချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။     ။ နေစမ်းပါဦး … ခင်ဗျားက ဘာကြောင့် အသည်းအသန် တောင်းဆိုနေရတာလဲ။

ဘန်ကီမွန်း။     ။ အခုဆိုရင် လူတွေက ကျနော့်ကို ခရီးတွေ လျှောက်ထွက်ပြီး ဘာရလဒ်မှလည်းမရတဲ့ UN တိုးရစ်ကြီး လုပ်နေတယ် ဆိုပြီး ဝိုင်း ဝေဖန်နေကြတယ်။ ကျနော့်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို နောက်ထပ် သက်တမ်း တိုးဖို့တောင် မသေချာတော့ဘူး။ ကျနော် တောင်းဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်တော့ ကျနော့်ရဲ့ သက်တမ်း ရှည်မှာပေါ့ဗျ။

ဗိုလ်ချုပ်မှူးကြီး။     ။ မဖြစ်ဘူး၊ လွှတ်လို့တော့ မဖြစ်ဘူး … ဒေါ်အောင်ဆန်းစုကြည် လွတ်သွားရင် ငါ့သက်တမ်း တိုမယ်ကွ၊ ငါ့သက်တမ်း တိုမယ် … ။     

စကားပြောသံများ ထိုနေရာတွင် ရပ်သွားလေသည်။ နားထောင်နေသည့် သူတို့ သုံးယောက်လည်း တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ အတန်ကြာမှ ကြွက်စုတ် ကမှတ်ချက်ချလိုက်လေသည်။

ကြွက်စုတ်။     ။ သြော် … ဘန်ကီမွန်း နဲ့ ဗိုလ်ချုပ်မှူးကြီး သက်တမ်းရှည်ရေးက ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်နေပါလား။

ဖိုးရှုပ်။     ။ အင်း … ဦးဝင်းတင်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် “စု-လွှတ်-တွေ့” ဆိုပြီး ကြွေးကြော်နေတာ ကြာပြီ။

ရုက္ခစိုး ။   ။ ဒါဆို ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မေ့ထားချင်တယ် ဆိုတော့ ဗိုလ်ချုပ်မှူးကြီးက  “စု-လွှတ်-မေ့” ဆိုတဲ့ ကြွေးကြော်သံကို ထွင်တော့မယ်နဲ့ တူတယ်။     ။
Comments (17)Add Comment
0
ရယ်ရယ်မောမော
written by Mya Nadee, July 21, 2009
ရယ်ရယ် မောမော ပေါ့ပေါ့ပါးပါး
စိတ်ညစ်စရာလေးများ ပျောက်လို့သွား
တစ်ပတ်ခြား တစ်ခါ
ရုက္ခစိုးကြီး အလာ မျှော်ရတာ။
0
to Ban Ban
written by Zo Khup, July 19, 2009
Mr. Ban you should visit this page. haha
0
အင်တာတိုင်ယာ
written by ၄, July 18, 2009
ပညာ ပါသဗျာ
ဟုတ်ပဗျာ
အင်တာတိန်းမန့် နဲ့ ဆက်တိုင်ယာ ရောထားတာပဲ
အင်တာတိုင်ယာပေါ့
0
...
written by Baw Si, July 18, 2009
တော်သေးတာပေါ့ဗျာ။ ကျုပ်က နေပြည်တော်မှာ လိုဏ်ဂူတွေ တူးနေတာ မပြီးသေးဘူး။
0
H1N1 ကူးမှာ စိုးရိမ်လို့ပါ။
written by Min Thitsar, July 16, 2009
ဘန်ကြီးက အမေရိကား က လာတာ ပြီးတော့ ထိုင်းကနေ တဆင့် လာတာ H1N1 ရောဂါပိုးသူ့ မှာပါလာရင် ဒေါ်အောင်ဆန်းစုကြည် ကို ကူးမှာ စိုးရိမ်လို့ပါ။
စိုးရိမ်တယ်.. .. ညီမလေး အတွက်.... စိုးရိမ်တယ်....
စိုးရိမ်တယ်.... ညီမလေး အတွက်.... စိုးရိမ်တယ်....
စိုးရိမ်တယ်.... ညီမလေး အတွက်.... စိုးရိမ်တယ်....
အကောင်း မြင်ုကြပါဗျာ ။ smilies/grin.gifsmilies/grin.gifsmilies/grin.gif
0
ဝိုင်း
written by Wine, July 16, 2009
အပြင် မှာလည်း
ဗိုလ် ချုပ်မှူးကြီးက
ဒီလိုဘဲ စကား ပြောပုံ ရတယ်
smilies/smiley.gif
ခစ် ခစ် ခစ် ခစ် ခစ်
0
...
written by hinthaaye, July 16, 2009
နိုင်ငံခြားသားတွေကို ဆက်ဆံရမှာ ကြောက်လို့ ၀န်ကြီးချုပ် သိန်းစိန်ကို နိုင်ငံ ခေါင်းဆောင် ဆိုပြီး တင်ပေးထားတာ ဂိုချုပ်ဝူးကြီးကတော့ နောက်ကနေပဲ ကြိုးကိုင်မယ်လေ အတွင်းရေးမှုချုပ် နဲ့တွေ့တော့ ဘာမှ သံရေး တမန်ရေး ဆိုတာ နားမလယ်တော့ဘူး
ခက်တာက သူ့ကိုသိန်းစိန် တင်မကဘူး မောင်အေး တောင်မျက်နှာ စေ့စေ့ ကြည့်ပြီး မပြောရဲဘူး ၀န်ကြီးတွေ ဆိုတာ ကတော့ ဝေလာဝေး ပေါ့ ဂိုချုပ်ဝူးကြီးကလည်း အာဏာရှင်ပါး ၀နေပြီ။ သူ့ အနားမှာနေတဲ့ သူတွေက သူ တကယ် ယုံတဲ့သူတွေပဲ အခုသူ့နားမှာ တွေ့တွေ့ နေရတဲ့ ကားနင်းကြီး တစ်ယေက်ကြည့် ဘယ်သူ့မှ
လူမထင်တဲ့ ပုံပါပဲ။
0
VERY FUNNY!!!
written by Ahmad, July 16, 2009
နိုင်ငံတကာမှာ လကမ္ဘာပေါ်ကို ပြန်သွားဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ ခင်ဗျားက လိုဏ်ဂူတွေတူးပြီး မြေကြီးထဲ ဝင်ဖို့ အပြင်းအထန် ကြိုးစားနေတယ ဆိုတာကို သဘောကျလို့ပါ ခစ်ခစ်ခစ်ခစ် … …
0
တောင်ကင်း(မ်)ကျီ
written by မက္ခရာဓား, July 16, 2009
ဟဲ...ဟဲ...ဟဲ...ကိုမွန်း၊ ခင်ဗျား လည်း 'အိုပါး' ဘဲ၊ တောင် နှင့် မြောက် ပဲ ကွာဒါ၊ ကျုပ် ရဲ့ ဘော်ဒါ တွေ အတူတူပါဘဲ၊ ဟဲ..ဟဲ..ကျိုးစား ပြီ လာတွေ့ ဒါ....ကျုပ်ကြောင့် ခင်ဗျား မနစ်နာ စေရပါဘူး။ ကျုပ် က ကျေးဇူး သိတတ် ပါတယ် .... ဟား ဟား ဟီး ဟီး အီး အီး ...
0
နှစ်ယောက်လုံး တိုမှာ
written by ချယ်ရီသား, July 16, 2009
ဂျိုဂုတ်ဒူးကြီးနဲ့ ကုလတွင်းချုပ်ရေ ခင်ဗျားတို့ နှစ်ယောက်လုံးပဲ တိုကြမှာ။ ဒေါ်စုအရေး ဒီနှစ်ယောက်က စိုးရိမ်ရေ အမှတ် မြှင့်တက်နေတယ်။ smilies/grin.gifsmilies/grin.gifsmilies/grin.gif
0
ခိုက်တယ်ဗျို့ 
written by ၈၈ကျာင်းသားဟောင်း, July 16, 2009
ဆရာတာတေရေ
ကောင်းလိုက်တဲ့ ဒိုင်ယာလော့ ။ ဟာသ ပညာပေးလေးက ခိုက်မိပါတယ်။ တော်လိုက်တာဗျာ။ အတွေး တွေက တစ်နေ့ တစ်မျိုး မရိုးဘူးနော်။ အားပေးနေပါတယ်။ ဧရာဝတီ အဖွဲ့ သား အားလုံး ကျန်းမာ ရွှင်လန်းပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ အမြန်ဆုံး ပြန်လည် ဆုံတွေ့ ကြပါစို့  ဗျာ ။
0
Moe Hay Ko?
written by Name, July 16, 2009
ဦးရုကစိုး ကြီးက ဘာကြည့်နေတာလဲ
မိုးဟေကို စတိတ်ရှိုး ကြည့်နေတာလား
ခစ်ခစ်ခစ်
0
...
written by sayargyipar, July 15, 2009
သန်းရွှေက ဘယ်သူ့ မှ သောက်ဂရု မစိုက်ဘူး
အော့့်  မှားလို့
သူဂရုစိုက်တာ ရှိတယ်
ကြိုင်ကြိုင်ရယ် ၊ ဗေဒင်ဆရာ ရယ်
0
...
written by swe swe aung, July 15, 2009
news stories, interviews and chiang mai god are my favorite.
0
ဘယ်သူ သေသေ ငရွှေမာရင်ပြီးရော
written by Truth, July 15, 2009
ဘယ်သူ သေသေ ငရွှေမာရင်ပြီးရော ဆိုတဲ့ စကားလေးကို အကြိုက်ဆုံးဘဲ မှန်လွန်းလို့ပါ။
0
nice
written by moe, July 15, 2009
မွန်းကျပ် စ၇ာ တွေ ဖတ် ပြီး
ရုကစိုးကို ဖတ်လိုက် ၇တာ အဆင် ပြေတယ်

ဆက်ေ၇းပါ
အားပေးပါတယ်
0
Hahaha
written by Burmese, July 15, 2009
Haha...Dat iz so funy....

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Thursday, 16 July 2009 08:55 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်