လွန်ခဲ့သည့် တလကျော် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူအပြီး ကွယ်လွန်သွားခဲ့သည့် နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ Weekly Eleven သတင်း ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ကြသည်။
Weekly Eleven သတင်း ဂျာနယ်တွင် အဆိုပါသတင်းကို 'ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများမျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ' ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။ သေဆုံးသူ၏ ဆွေမျိုး၊ မိဘနှစ်ဦး၊ လေ့လာသုံးသပ်သူများ၊ အသည်းအထူးကု ဆရာဝန်ကြီး၊ စာနယ်ဇင်းသမားတဦး၏ ပြောဆိုချက်များနှင့် ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ “ဆေးပညာ လောကသားများသို့ ပန်ကြားချက်” စာအုပ်ကို ကိုးကား ဖော်ပြထားသည်။အဆိုပါဆောင်းပါးတွင် Eleven Media Group မှ တာဝန်ရှိသူ တဦးက “ချမ်းသာပြီး ငွေကြေးတတ်နိုင်တဲ့ အထူးကု ဆေးခန်းသွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေနည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာ ရေးစောင့်ရှောက်မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ” ဟု သုံးသပ်ထားသည်။
လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း “ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်” ဆိုသည့် ခေါင်းစဉ်နှင့် မိသားစု ဆွေမျိုးအသိုင်းအဝန်း၏ မှတ်ချက်များကို ကိုးကား ရေးသားထားကြောင်း တွေ့ရသည်။
“ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ်ခန်းမှာ ညနေ ၃ နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့ အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတဲ့အကြောင်းပါ။ ကျမတို့ပြောတာ ပြောလို့မရဘူး။ ကျမအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်” ဟု မခိုင်ရွှန်းလဲ့ရည်၏ မိခင်က ပြောသည်ကို လျှပ်တစ်ပြက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါဂျာနယ်တွင်ပင် “အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင် ဆွေမျိုးအသိုင်းအဝန်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်” ဟု ရေးသားထားသည်။
ထိုသတင်းပေးပို့ချက်များနှင့် ပတ်သက်၍ တက္ကသိုလ်လှမွန်ဆိုသူက “မြန်မာသတင်းမီဒီယာ တချို့ စည်းဘောင်လွတ် နေခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဥပဒေရှုထောင့်၊ ဆေးပညာရှုထောင့်တို့မှ ကြည့်ကာ “မြန်မာ့ လူထု ကျန်းမာရေး” ဆိုသည့် http://health.ngoinmyanmar.orgဘလော့ စာမျက်နှာတွင် တန်ပြန်ရေးသား ဖော်ပြခဲ့သည်။
ထိုဘလော့စာမျက်နှာတွင် ရေးသားနေသူများမှာ မြန်မာလူထု ကျန်းမာရေးအတွက် လုပ်ဆောင်လျက်ရှိသော ပညာရှင်များ ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်လှမွန်၏ ဆောင်းပါး၌ “သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဉာဏ် ပေးထားလေသည်” ဟု ဖော်ပြထားသည်။
“သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၎င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ” ဟုလည်း ၎င်းက ဆိုထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကမူ သတင်းဂျာနယ်တစောင်၏ တာဝန်ရှိသူ တဦးက ဝင်ရောက် သုံးသပ်ထားသည်မှအပ Weekly Elevenပါ သတင်းသည် စည်းဘောင်လွတ်သည်ဟု မဆိုနိုင်ကြောင်း၊ မြန်မာပြည်၏ အခြေအနေအရ ယခုကဲ့သို့သော သတင်းသည် လိုက်ရခက်ခဲသော သတင်းတပုဒ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်ကို ပြည်သူသိရှိရန်အတွက် ဖော်ပြသင့်ကြောင်း ပြောသည်။
“မိသားစုက ခံစားချက်နဲ့ ပြောသွားတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တဘက်က အသံကို ရဖို့ကျတော့ အထူးကု ဆေးခန်းဘက်ကို မေးလို့မရဘူး။ အဲဒီဆေးရုံဆေးခန်း အမည်ကိုလည်း ထည့်ရေးလို့မရဘူး။ ရေးရင်စိစစ်ရေးက ဖြုတ်မှာ။ စိစစ်ရေးက မဖြုတ်တောင် အသရေဖျက်မှုနဲ့ တရားစွဲခံရလို့ ဆုံးမှာမဟုတ်ဘူး။ နောက်ပြီး သတင်းသမားတွေ အနေနဲ့ မကြိုးစားဘဲတော့ နေမှာမဟုတ်ဘူး။ ရသလောက်တော့ ကြိုးစားမှာပဲ” ဟု သူက ဆက်ပြောသည်။
ဧရာဝတီမဂ္ဂဇင်းက မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကု ဆေးခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများ မအားလပ်ကြောင်းသာ ပြန်ကြားခဲ့သည်။ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ခဲ့သော ဆရာဝန်ကြီးမှာမူ တရုတ်ပြည်သို့ ခရီးသွားနေကြောင်း သိရသည်။
မြန်မာပြည်တွင် အစိုးရဆေးရုံကြီးများ၌ “စရိတ်မျှပေး ကျန်းမာရေး” ဆိုသည် စနစ်ကို ကျင့်သုံးလျက်ရှိရာ လိုအပ်သည့် ဆေးဝါးမှန်သမျှ လူနာက ငွေကုန်ကြေးကျခံရပြီး ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း လေ့လာသူတို့က သုံးသပ်ကြသည်။
အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ငွေကုန် ကြေးကျခံကာ တက်ရောက်ကုသသော်လည်း ထိရောက်သော စောင့်ရှောက်မှု မရရှိဘဲ အများစုမှာ ဝန်ဆောင်မှု ညံ့ဖျင်းလှကြောင်း ဝေဖန်နေကြ သည်။
ယခုလက်ရှိတွင် “စားသုံးသူ အခွင့်အရေး” နှင့်ပတ်သက်၍ ပညာပေး ပိုစတာများ၊ ကာတွန်းများ ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်က မြန်မာပြည်တွင် စားသုံးသူနှင့် ပတ်သက်၍ ကာကွယ်ပေးသည့် ဥပဒေ မရှိသော်လည်း မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်မျိုး နောင်မဖြစ်ရန် ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်သည်ဟု ဆိုသည်။
၎င်းက မကြာသေးမီက ဆရာဝန်များနှင့် ပတ်သက်၍ ရေးဆွဲပေးထားသော “စားသုံးသူ အခွင့်အရေး” ပညာပေး ပိုစတာအကြောင်းကို ပြောပြီး ဆရာဝန်နှင့်လူနာ အင်အားမမျှခြင်း၊ အချိန်မပေးနိုင်ဘဲ ရုပ်ပြသဘော ဆိုင်းဘုတ်တပ်ခြင်း၊ ဆေးကုသပုံ မှားယွင်းခြင်း၊ ဆေးဝါးမှားယွင်းခြင်း၊ မလိုအပ်ဘဲ ခွဲစိတ်ကုသမှု ပြုခြင်းတို့ကြောင့် လူနာများ အသက်ဆုံးရှုံးရသည့် အဖြစ်အပျက်များမှာ မြန်မာနိုင်ငံတွင်သာ မကဘဲ ကမ္ဘာမှာပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ဒီဆရာဝန်ကြီး တယောက်တည်းကို ပြောတာ မဟုတ်ပါဘူး၊ ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် နောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်” ဟု ကာတွန်းအော်ပီကျယ်က ပြောသည်။
မန္တလေးမြို့နေ ခန္ဓာဗေဒ ဆရာဝန်ကြီးတဦးဖြစ်သူ ဒေါက်တာတင်မောင်ကြည်က ခွဲစိတ်ကုသမှုတခုတွင် အုပ်ထိန်းသူ၊ သက်ဆိုင်သူ တဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲ ပြုလုပ်၍ မရသဖြင့် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိကြောင်း ရှင်းပြသည်။
“တကယ်တော့ ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် လိုအပ်တဲ့ ကျင့်ဝတ် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာက သတင်းသမားများ အနေနှင့် ခံစားချက်နောက်ကို လိုက်၍ ရေးသားခြင်းမှအပ မှန်ကန်သော အချက်အလက်များနှင့် ပြည်သူသိသင့်သော သတင်းများကို အတတ်နိုင်ဆုံး ရေးသားဖော်ပြလျှင် အာဏာပိုင်တို့ ကလည်း ခွင့်ပြုပေးသင့်ကြောင်း သုံးသပ်သည်။
မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိခင်က ခွဲစိတ်ဆရာဝန်ကြီးအား တရားမစွဲလိုကြောင်း၊ ဆရာဝန် အနေနှင့် အသိစိတ်ဓာတ်ရှိစွာ ကိုယ်တိုင်ဝန်ခံစေချင်ကြောင်း ပြောကြားခဲ့သည်ဟု ယခင်အပတ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
written by Khin, December 11, 2009
My impression is the cause lies in the weak health system, lack of reliable court and law system, lack of doctor-patient communication, and poor health literacy among the general people(of course, not their fault). We should be aware of what our rights as patients and need to know health professionals' standings, too. If not, we will keep complaining each other and that would not improve anything. Both parties involved should have a direct dialouge. People just complaining without any concrete grounds, the accused being silent, the authority trying to solve secretly....what would it lead to? I heard that the surgeon's license was gone. Then everything is ok? Is that what we want? Can it ease the parents' suffering? No.The parents might want to know the exact happening. If not, they have to live their life hating someone or doubting they should accuse someone or not. What if he was judged wrongly? I wish there was a system where the patients' side themselves could claim for their loss, and also the accused himself could defend himself and both seeks to find the settlement. I really was not satisfied with the result of this incident. So worried for Myanmar's future.
The following blog discuss about that problem.
http://khinmamamyo.blogspot.com/2009/11/blog-post_25.html
The following blog discuss about that problem.
http://khinmamamyo.blogspot.com/2009/11/blog-post_25.html
written by bravokyaw, December 09, 2009
တာဝန်ယူလာအောင်၊ နောင် အလားတူ ကိစမျိုး မဖြစ်အောင်
လောဘကြီးတဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းမှာ လုပ်နေတဲ့လူတွေ( ဆရာဝန်၊ဆေးခန်း...) နောင်ကျဉ်သွားအောင်
လုပ်ပေးယင် ကောင်းမယ် ၊(စံနမူနာ ထားလောက်တဲ့ တရား စွဲဆိုပြီး သောက်သောက်လဲ လျော်ကြေး ပေးရတာမျိုးပေါ့)
လောဘကြီးတဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းမှာ လုပ်နေတဲ့လူတွေ( ဆရာဝန်၊ဆေးခန်း...) နောင်ကျဉ်သွားအောင်
လုပ်ပေးယင် ကောင်းမယ် ၊(စံနမူနာ ထားလောက်တဲ့ တရား စွဲဆိုပြီး သောက်သောက်လဲ လျော်ကြေး ပေးရတာမျိုးပေါ့)
written by yoonlwin, December 09, 2009
I want to say Sorry to all of you guys..It was so hard to understand each other. Buddha Dhamma shown that there have two way. ( come and go) Everything is Just temporary....Nothing is permanent............ ( from Iraq).
1) Doctor
Do you really care to patient or not? How?? ... time by time ? Do you have emergency record before she die? Do you decide as per contract?? Do you use the terms and condition as per Law?? Do you really follow as per education ? as per economic current? Do you explain to the patient legally about critical situation of her health?What is the HACCP plan for your operation theater? In case off emergency - where do you need to contact to ( any plan ). How did you show up your professionalism to your patient? I don't means you are bad. Pls try to realized yourself out of your position then go take meditation and swear to Buddha how you clear on that case.
2) patient.
Do you really care to Doctor and contact to him time by time by grading about your daughter health? What is admire in this time before operation? How do you ask for operation and how Doctor explain to in this process patient before operation? Did he explain to you about any critical situation and last stages? What is the feeling of Special clinic service.?
3) Special Clinic
Owner or General Manager... Do you really care where do you and how do you manage for in the special clinic? Do you care you to finish your jobs of your concern? Do you really concern for income money only? What is the name of Special Clinic? additionally I would like to add some few thing to Shew gon dine Special clinic - service - low, staff poor communication , disrespect to clients. Housekeeping low quality. we need to grow up as international standard but now on we are still running as like normal service as road show.( I am sorry nothing personal for that..I wishes to see my country clinic are grow up )

written by ခေတ်သစ်ဆရာဝန်, December 07, 2009
ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကို ကယ်တင်ဖို့ မွေးဖွားလာတဲ့ ဘုရားသခင်ရဲ့ သားတော် တွေပါ..ဘယ် ဆရာဝန် တဦးတယောက် ကမျှ ဒီလူနာ နာကျင်လိုစေ၊ သေလိုစေ ဆိုတဲ့ စိတ်မျိုး မရှိရိုးအမှန်ပါ။ ပေးတဲ့ဆေး..ရထားတဲ့ ဘွဲ့.. ကုသတဲ့ နေရာသာ ကွားရင် ကွာပါမယ်. .ဆရာဝန် အားလုံး
ရဲ့ ရင်ထဲမှာ တူညီတဲ့ တခုကတော့ လူနာများ ကျန်းမာပါစေ ဆိုတဲ့ အချက်ဖြ စ်ပါတယ်။
" မမှားသော ရှေ့နေ မသေသော ဆေးသမား " ဆိုရိုးရှိတဲ့ အတိုင်း ဆရာကြီးရဲ့ ဘ၀တချိုးမှာ ဒီလို မနှစ်မြို့ ဖွယ် အဖြစ် အပျက်မျိုး ကြုံရပေမယ့် ဆရာကြီး ဆေးကုခဲ့တဲ့ သက်တမ်း ၃၀ အတွင်းမှာ ကယ်တင်ခဲ့တဲ့ လူနာတွေရဲ့ အသက် တွေအတွက် ဘုရားသခင်က ဆရာကြီးကို ကောင်းချီးပေးနေမှာ အမှန်ပါပဲ ခင်ဗျာ။

written by Shwe Mi, December 05, 2009
We do understand that you want to defend your fellow Dr. But, still need to be careful. You can't neglect patient's feeling, they lost their love one's Life. It can't compare with anything.

written by ဘမိုး, December 02, 2009
ပြည်သူတွေဟာ ဆယ်စု နှစ်များစွာ နစ်နာခဲ့ကြ နစ်နာနေကြတာပါ။ ပြဿနာ တစ်ခုကို ဖြေရှင်းကြတဲ့ အခါ..အရင်းခံ အကြောင်း တရားတွေကို မဖြေရှင်းဘဲ နဲ့  တော့ အလုံးစုံ မပြေလည်နိုင်ပါဘူး။ ဦးနင်း ပဲ့ထောင်..ပဲ့နင်း ဦးထောင် ဆိုသလို ဖြစ်နေဦးမှာပါပဲ။
written by Wai Lin Aung, December 02, 2009
တစ်ခု ထပ်ပြောချင်ပါတယ် မခွဲခင် လက်မှတ် ထိုးပေးရတဲ့  ကိစ္စပါ ... ဒီလို လက်မှတ်ထိုးပေးရတာနဲ့  လူနာ နဲ့  လူနာရှင်က ခံပေရော့ လား ..... သေချင်သေပါစေ ရပါတယ် ဆိုတဲ့  သဘောလား.. ဒါက ဥပဒေနဲ့  လက်တစ်လုံးခြား လုပ်တာပါ .... မထိုးရင် ခင်ဗျားတို့ က မခွဲဘူး မကယ်ဘူးပေါ့.... ဒါဆို ခင်ဗျားတို့ က Unethical Doctors ဖြစ်မနေဘူးလား... အပေါ်စီးကပဲ နေချင်တဲ့ ခင်ဗျားတို့  စိတ်ဓါတ်လေးကို ပဲ ပြန်စဥ်းစားပါဗျာ ...
ဒီနေရာမှာ ဘိုလို ရေးထားတဲ့ kokopoliticalanalyzer ကိုလဲ ပြောချင်ပါတယ်.... ဒီကလေး ရဲ့  ကိစ္စကို Micheal JAckson ရဲ့  ဆရာဝန် နဲ့ မနှိုင်းပါနဲ့  ... Micheal Jackson သေရတာ သူကိုယ်တိုင်က တောင်းဆိုလို့  သူသုံးနေကျ ဆေးကို သုံးရတာ ဖြစ်ပါတယ် ... America က ဆရာဝန်ဗျာ ... ဒီလောက်တော့ လျှင်ပါတယ် ....America မှာ ဝေဒနာရှင်က တောင်းဆိုရင်တောင် Pull the plug လုပ်ရတာ သိစေချင်ပါတယ် .... ခုဟာက မြန်မာပြည်ပါ ဘာမှ Right မရှိပဲ ပိုက်ဆံကို တတ်နိုင်ရင် တတ်နိုင်သလောက် ပေးနေရ လျှော်နေရတဲ့  တိုင်းပြည်ပါ...ဒါကို အခွင့် အရေးယူပြီး ရသလောက် ရိတ်လိုက်မယ် ဆိုတဲ့  သူတွေကို ငွေ နဲ့  အသက်ပါ ပုံပေး နေရတဲ့  တိုင်းပြည် ပါ ဗျာ..

written by Dr. Zarni, December 02, 2009
ခွဲရင် ခန္ဓာကိုယ်ထဲ ဟိုပစ္စည်း မေ့ကျန် ၊ဒါမေ့ကျန် တပုံကြီးဘဲ ။ ကိုယ်တွေ့ပါ ။ကျန်းမာရေး ဌာနက ဂယုတစိုက်နဲ့ စည်ကမ်း တကျ မကြပ်မတ် သရွေ့ကတော့ အားလံုး အတွက် အန္ထရာယ်ကြီးတယ်။
written by khin, December 02, 2009
First of all,
Regarding this case, we couldn;t sue them. Every body knew that, the laws is under the control of Junta, business society. i believe in it. Education and health care business were became Hunters and they followed their U Than Shwe's tactics. Like father like son.
How poor our Myanmar.
Irrawaddy news, please send our condolences to Ma Khine Shwen Lee' Yi's family.

written by Su Khine, December 02, 2009
It is easy to blame the surgeon who operated on the unfortunate patient.
Lower abdominal pain can be due to various conditions including serious medical illness like dengue hemorrhagic fever. When the patient presented to surgeons with right lower abdominal pain, if there is no doubt about the diagnosis, the patient can go for appendectomy. But when the diagnosis is in doubt, the surgeon may repeat the examination in few hours to get a clear picture of what is actually wrong with the patient. Routine blood and urine test may also help in making the correct diagnosis.
In that particular case of the death of 15 year old girl, repeat clinical examinations and blood test may help to avoid unnecessary appendectomy. But, if the doubt about the diagnosis of appendicitis remains, it is safer to take the appendix out by doing operation. Therefore it is acceptable to have normal appendix in 30% of appendectomies.
We need to look at the whole picture of how the medical care is provided to the patients in our country. Even for people who can afford private medical care, there is no guarantee that they will receive appropriate medical care.
Most of the well known specialists including surgeons are rushing from one private medical center to another, to see or operate on more patients.
It is very sad to admit that our health care system including private sector is in total disarray which is the main reasons why we are seeing all the unfortunate incidents.
Our health care system needs overhauling..

written by kokopoliticalanalyzer, December 02, 2009
It is sad to hear or see how people have lost faith in doctors in Burma. I believe the reason for that is observed or apparent lack of ethics from doctors. Under the junta, the term ethics is an unheard word. It is not suprising in a house leaking from the roof. Junta is severely corrupted. They know no ethics. Some people in Media do not know ethics (only tabloids allowed in burma any way) . Some doctors lack ethics. Our country is going downhill rapidly sadly. More and more people in Burma now dare to do anything to get money. Who is responsible ultimately? OF course the military rule, the army has poisoned the mind of people our last 40 years.
Going back to the particular case, if you would like to think or say in a way like in western world. Media could only say "a student died because of alleged negligence of a doctor". Statement like " surgeon killed student" went too far. even more so for the statement like "surgeon killed student because he wanted money".
What exactly happened? A girl was unwell. She was admitted. She was operated. She died later after the operation.
The questions to be asked are (1) Did she need the operation?
(2) Was operation done appropriately and correctly?
(3) Was there any mistake during the operation?
(4) was there any complications, as you would expect from any procedure, of surgery?
(5) was there any complications of the disease itself?
(6) Did she die of the disease or did she die because of negligence of the doctor?
Who is to answer the question?
A postterm examination is essential. Shoud be referred t coroner or forensic team. Experts to answer. Not a lay person like me to comment on without looking into details.
Can this be done fairly and transparently in burma? i doubt that.
Last comment. Even in US, no doctor will be stripped of licence without being investigated.
Michael Jackson doctor who gave him a drug you would not normally use at home is still at large or practicing.
THank you for reading.

written by Ko Sant Tint, December 01, 2009
I only want to ask a question to both Dr Tin Mg Kyi and University Hla Mon. Say supposing if both of you were in this girl's place or their parent's place how would you feel then? Talk with sympathy. Hey men! what goes around comes around. So, when the table turns back to you make sure you are ready for that grind.
written by U Win, December 01, 2009
မန္တလေးမြို့နေ ခန္ဓာဗေဒ
ဆရာဝန်ကြီး ခင်ဗျာ.. သက်ဆိုင်တဲ့ အုပ်ထိန်းသူဟာ ခွဲစိတ်ကုသမဲ့ ဆရာဝန် ပြောတဲ့ ရောဂါနဲ့ ပတ်သက်ပြီး လက်ခံကြောင်း လက်မှတ်ထိုးတာပါ..။ အခု တလွဲ ကုသမှုကြောင့် သေဆုံးရတာဟာ “ဆရာဝန်ကြီးရဲ့ စမ်းသပ်မှုအရ အူအတက်ပေါက်တာ-ကို ခွဲစိပ်ဖို့” သဘောတူ လက်မှတ်ထိုးတာပါ..။ တလွဲခွဲမှာကို လက်မှတ်ထိုးခြင်း မဟုတ်ပါ..။ မှားတာကလဲ အလုပ်သင် ဆရာဝန် မဟုတ်ပါ..။ တကယ့် ဆရာဝန်ကြီး တဦးပါ..။ လူတယောက် အသက်ဆုံးသည် အထိတော့ လုံးဝ မမှားသင့်ပါ။ မှားရင်လဲ မှားကြောင်း တာဝန် ယူရပါမယ်။

written by TYR, December 01, 2009
Sad for Burmese doctors.Once good reputation in SOUTH EAST ASIAN.
written by MHM, December 01, 2009
နောက်ကွယ်မှာ အာဏာပိုင်တွေ ရှယ်ယာသမား တွေရဲ့ စံနက်မပါဘဲ အဲဒီသတင်းတွေ စာမျက်နှာပေါ် ရောက်မလာပါဘူး။
ဆေးလောကမှာ အားနည်းချက်တွေ အများကြီး ရှိတယ် ဆိုတာ အားလုံး သိပါတယ်။ မြန်မာတွေရဲ့ အခြေခံ တွေးခေါ်ပုံက စပြီး၊ ထိပ်ဆုံးက အစိုးရရဲ့ ပေါ်လစီအထိ ပြုပြင်ရမှာပါ။ အခုကိစ္စကို အကြောင်းပြုပြီး ပြဿနာကို ဖွင့်ဟတတ်တဲ့၊ ၀ိုင်းဝန်းဆွေးနွေးတဲ့၊ အရေးယူဆောင်ရွက်တဲ့ အလေ့အထ တခု ပေါ်လာတာကိုတော့ ကြိုဆိုပါတယ်။ ပြုပြင်ဖို့ရဲ့ အစဟာ ပြဿနာကို လက်ခံစဉ်းစားတာပဲ မဟုတ်လား။
တက္ကသိုလ်လှမွန် ရေးတာ မျှတပါတယ်။ ဂျာနယ်တွေက တရားသူကြီး လုပ်ထားတာကို ထောက်ပြထားတာ။ အခု လူထုရဲ့ တုံ့ပြန်မှုကို ကြည့်ရင်ကိုပဲ စာနယ်ဇင်းတချို့ရဲ့ နှပ်ကြောင်းပေးမှုထဲ တိုးဝင်သွားကြတယ် ဆိုတာ သိသာနေတာပဲ။

written by royal, December 01, 2009
ဆရာဝန်ကြီး ဒေါက်တာ တင်မောင်ကြည်ခင်ဗျာ!
စကားနောက် တရား ပါပါစေ
စကားနောက် တရား ပါပါစေ
written by ထနောင်းညို, December 01, 2009
ဒီလိုကိစ္စတွေ မြန်မာပြည်မှာ ဖြစ်နေတာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ် ကတည်းက သမားသတ်လို့ သေတဲ့ ပြသာနာတွေ အများကြီး ရှိခဲ့တာပါ။ မခု မခိုင်ရွှန်းလဲ့ရည် ကိစ္စက ဂျာနယ်က တဆင့် နာမည်ကျော် သတင်းတပုဒ် ဖြစ်လာလို့ ဘယ်သူတွေဘာပြောပြော ဒီသတင်းကို လူတွေဆီ ရောက်အောင် လုပ်ပေးနိုင်ခဲ့တာ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်မြန်မာပြည်လို နိုင်ငံမျိုးမှာ ဆရာဝန်ကြီးတွေ သမားတော်တွေ ဟာ သမားကျင့်ဝတ် ဆိုတာကို မေ့နေကြပြီလို့ ပြောရမှာပါပဲ။ ဆရာဝန်မှားလို့ အသက် ပါသွားရင်တောင် ဆရာဝန်ကို အပြစ် မပြောရဲလောက်အောင်ကို ဖြစ်နေတာ ကြာပါပြီ။ ဆိုတော့ အခုခေတ်မှာ ပုဂ္ဂလိက ဆေးခန်းတွေ ပေါ်လာတော့လည်း ဆရာဝန်တွေ စည်းလွတ် ဘောင်လွတ်တွေ ဖြစ်လာကြပြန်တယ်။ အများစုက ငွေကြေး တတ်နိုင်လို့ လာကြတော့ ထက်ခနဲဆို ဓါးတင်မယ် ခွဲမယ် ဆိုတာကြီးပဲ။ ပိုက်ဆံကလည်း မျိုးမျိုးမြက်မြက် ရတော့လူနာကို သက်မဲ့ ငွေတုံး လို့ ပဲ မြင်နေတော့တယ်။
written by ဖိုးဇော်, December 01, 2009
ဒီလိုမျိုး မြန်မာ ဂျာနယ်တွေက ထုတ်ရေးမှ ပြည်သူခံစား နေရတာတွေကို အာဏာပိုင် တွေကော ပြုလုပ်သူတွေပါ သတိရှိသွားမှာ။ ဒါဟာ Media တွေက ဦးဆောင်ရမဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည့်ရဲ့ ယဉ်ကျေးမှုပဲ။ Eleven နဲ့ လျပ်တစ်ပြက်ကို ဒီသတင်းအတွက် အသိအမှတ် ပြုပါတယ်။ မြန်မာ Media တွေအနေနဲ့ Eleven ရဲ့ နောက်ဆောင်းပါးမှာ ပါတဲ့ တခြား လောကတွေရဲ့ ချစားမှုကိုပါ တဖြေးဖြေး ညီညီ ညာညာ ဖော်ထုတ် နိုင်မယ်ဆိုရင် လူကောင်းတွေ နေရာ အသီးသီးမှာ နေရာရလာမှာပါ။ ခောတ်ရဲ့ ယိုယွင်းမှုနဲ့အတူ ဖောက်ပြန်နေတဲ့ လူတန်းစာလဲ ရပ်တန့် လာနိုင်မယ်။ ပြည်သူတွေလဲ သူတို့ရဲ့ ခံစားချက်တွေကို စနစ်တကျ ဖော်ထုတ်တတ်၊ ဖော်ထုတ်နိုင်လာကြလိမ်မယ်။ မခိုင်ရွှန်းလဲ့ရည် ကောင်းရာ မွန်ရာရောက်ပါစေ။
http://www.news-eleven.com/index.php?option=com_content&view=article&id=792:2009-11-29-08-57-14&catid=78:2009-11-13-06-25-17&Itemid=135
http://www.news-eleven.com/index.php?option=com_content&view=article&id=792:2009-11-29-08-57-14&catid=78:2009-11-13-06-25-17&Itemid=135
written by Aung Aung, December 01, 2009
မိသားစု သဘောတူပြီးရင် ဆရာဝန်က လူသတ်လို့ ရပြီပေါ့ ဒေါက်တာ တင်မောင်ကြည် ပြောကြားချက်အရ ဆရာဝန်မှာ လူသတ်လိုင်စင် ရှိတယ်ပေါ့
written by chit, December 01, 2009
my brother daied also like thet.. .I hate doctor who dosen't care about their patients' life or death..
written by CTM, December 01, 2009
ဒီလို သတင်းမျိုးတွေ ကြားဘူးနေပါတယ်။ ဒါပေမယ့် အရင်က နာမည် အတိအကျ မပါ၊ ဘယ်သူဘယ်ဝါ မှန်း မသိ ဆိုတော့၊ ကောလဟလလား လုပ်ကြံ သတင်းလား၊ ယောင်ယောင် ဝါးဝါးပေါ့။
အမေရိကားလို တိုင်းပြည်မှာဆို အဲဒီဆရာဝန် ဒုက္ခရောက်ပြီပေါ့။ အကြီးအကျယ် တရားစွဲ ခံရမှာက နောက်၊ လူသေမှုနဲ့ လိုင်စင်ပိတ် လက်ထိပ်ခတ် အခေါ်ခံသွားရ ပြီးလောက်ပြီ။ ဆေးခန်းကလည်း အခုလို ရှောင်ဖယ်ဖယ် လုပ်နေလို့ မရဘူး။ သန်းနဲ့ချီ လျော်ကြေး တောင်းခံရမှာက နောက်၊ လောလောဆယ် လူနာတွေအပေါ် ဒီလို ဂရုမစိုက် ပစ်စက်လက်ခ လုပ်တာသိကြရင် စီးပွားရေးကျမှာ စိုးလို့ အဲဒီလို ဆရာဝန်မျိုးကို ချက်ချင်း အလုပ်ထုတ်၊ လူနာရှင်တွေကို အသေအလဲ လိုက်တောင်း ပန်နေရမှာ။
ဒီမိုကရေစီ အပြည့်ရှိတဲ့ တိုင်းပြည်တွေမှာ ဦးနှောက်ကောင်းလို့ ဆရာဝန်ဖြစ်လာ သူတွေဟာ ကိုယ့် ကို ပိုက်ဆံပေး လာကုတဲ့ လူနာတွေကို နောက်တခါပြန် လာ ချင်အောင် ကောင်းကောင်းမွန်မွန် ဂရုတစိုက်ကုပေးတယ်။ အဲဒီ အခြေခံ အပြင် ဆရာဝန်တွေရဲ့ ပင်ကိုယ် စေတနာ မေတ္တာ ထည့်လိုက်တဲ့အခါ သေတဲ့ လူနာဆိုတာ ကင်ဆာလို၊ အသဲအသန် ထိခိုက်မိတာလိုမျိုးပဲ ကျန်တော့တယ်။ တော်ရုံ ရောဂါဝေဒနာ ဆိုတာ ပျောက်တာချည်းပဲ။
ကြားနေရတာတွေကတော့ ဗမာပြည်မှာ စေတနာ ဆရာဝန်ဆိုတာ လက်တဆုတ်စာပဲ ကျန်တော့တယ်။
ကားကောင်းမစီး၊ စိန်တွေ မသီးပဲ၊ သားသမီးတွေ နိုင်ငံခြားမှာ ကျောင်း လာမထားပေမယ့် အဲဒီဆရာဝန် လက်တဆုတ်စာကို တကယ်လေးစား ချီးကြူးပါတယ်။ တခြားဆရာဝန်တွေကတော့ ငွေစကား ပြောလွန် လွန်းလို့ သူတို့မျက်နှာတွေကိုက လောဘ ဒေါသ အခိုးတွေ တထောင်းထောင်း ထနေသလို ကြက်သရေ မရှိဘူး။
လူနာတွေမှာ ပိုက်ဆံလည်း ပေးရသေး၊ သူတို့မျက်နှာလဲ ကြည့်ရသေး။
အလကား ကုပေးရလို့ ဆိုလည်း ထားပါ။ အခုတော့ အလကား ကုပေးတဲ့ ဆရာဝန်တွေကမှ လူနာကို ဂရုစိုက်သေးတယ်။
သတင်း ဖေါ်ပြတဲ့ ဂျာနယ်တွေ၊ သတင်းထောက်နဲ့ အယ်ဒီတာတွေကို ကျေးဇူး တင်ပါတယ်။
သမီးလေး ခိုင်ရွှန်းလဲ့ရည် နောင်ဘဝ ဒီလိုဆရာဝန် နဲ့ မတွေ့ပါစေနဲ့။

ဒီ ငွေဆာ ဆရာဝန်ကိုတော့ တူသော အကျိုး ပေးပါစေပဲ ဆုတောင်းပေးပါတယ်။

ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဆိုတဲ့ မန္တလေး က ဆရာဝန်
သားသမီးချင်း စာနာစိတ်နဲ့ စကားပြောပါ။

written by ko kyaw, December 01, 2009
ဒေါက်တာတင်မောင်ကြည် ပြောတာ တာဝန်မဲ့လွန်းတယ် အုပ်ထိန်းသူဆိုတာ ဆေးပညာ အကြောင်း ဘာမှ နားလည်တာ မဟုတ်ဘူး ဆရာဝန်တွေက လူနာကို မခွဲခင်မှာ လူနာ အခြေအနေကို တိတိကျကျ သိမှသာ ခွဲသင့်တယ် အရေးပေါ် အခြေအနေ ဆိုရင်လည်း လူနာရောဂါ ဘာဖြစ်တာလည်း ဆိုတာ သိသင့်တယ်
ခုဖြစ်ရပ်က ခုပ်ရာတခြား ရှရာ တခြားဖြစ်တာ ဆရာဝန် အပေါ်မှာ လုံးဝ မူတည်တယ်
ခွဲတဲ့ ဒေါက်တာကြည်စိုး ဆိုတာ ခွဲစိတ်တဲ့နေရာမှာ နာမည်ကြီးပါ မခွဲခင် ဘာဖြစ်တယ် ဆိုတာ စမ်းသတ်တဲ့ ဆရာဝန်က ဘယ်သူလဲ
ရောဂါ အမည်တပ်တဲ့ ဆရာဝန်က ဘယ်သူလဲ
ဒေါက်တာကြည်စိုးလို လူမျိုးတောင် မဖြစ်သင့်တာ ဖြစ်တယ်
နိုင်ငံခြားပြန် ဆရာဝန်တိုင်း သိပ်တော်နေတာ မဟုတ်ဘူး

written by hanzaw, December 01, 2009
မြန်မာပြည်က ဆေးရုံတွေ၊ အထူးကု ဆေးခန်းတွေမှာ ဒီလိုအဖြစ် အပျက်မျိုးတွေ အများကြီးပါ၊ လူထုတွေ မသိလိုက်လို့၊ သိခွင့် မရလိုက်လို့ပါ၊ ကျနော် ကိုယ်တွေ့တွေ အများကြီးပါ၊ ဆရာဝန်တိုင်းကို မဆိုလို ချင်သော်လည်း ငွေနောက် လိုက်သော ဆရာဝန် တွေလည်း အများကြီးပါ၊ ဒါကြောင့် ကျနော် ပြောချင် တာကတော့ မူမကောင်းတော့ လူတွေ မကောင်း တော့တာလား၊ လူတွေ မကောင်းလို့ မူမကောင်းတာလား၊ လူတွေလည်း ကောင်းစေချင်ပါတယ်၊ မူတွေလည်း ကောင်းစေချင်ပါတယ်၊ အသက် တစ်ချောင်း ရခဲပါတယ်၊ လူ့ဘ၀ ရခဲလှပါတယ်၊ အားလုံး ကောင်းအောင် ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ ခံယူပါတယ်။
written by ချစ်သွေး, November 30, 2009
မန္တလေးမြို့နေ ခန္ဓာဗေဒ
ဆရာဝန်ကြီး ခင်ဗျာ.. သက်ဆိုင်တဲ့ အုပ်ထိန်းသူဟာ ခွဲစိတ်ကုသမဲ့ ဆရာဝန် ပြောတဲ့ ရောဂါနဲ့ ပတ်သက်ပြီး လက်ခံကြောင်း လက်မှတ်ထိုးတာပါ..။ အခု မခိုင်ရွှန်းလဲ့ရည် တလွဲကုသမှုကြောင့် သေဆုံးရတာဟာ “ဆရာဝန်ကြီးရဲ့ စမ်းသပ်မှုအရ အူအတက်ပေါက်တာ-ကို ခွဲစိပ်ဖို့” သဘောတူ လက်မှတ်ထိုးတာပါ..။ တလွဲခွဲမှာကို လက်မှတ်ထိုးခြင်း မဟုတ်ပါ..။ မှားတာကလဲ အလုပ်သင် ဆရာဝန် မဟုတ်ပါ..။ တကယ့် ဆရာဝန်ကြီး တဦးပါ..။ လူတယောက် အသက်ဆုံးသည် အထိတော့ လုံးဝ မမှားသင့်ပါ။ မှားရင်လဲ မှားကြောင်း တာဝန် ယူရပါမယ်။
အခုတော့ ထိုသို့ မဟုတ်ပဲ ခန္ဓာဗေဒ ဆရာဝန်ကြီး တယောက်ရဲ့ လူမိုက်အားပေး စကားမျိုးကတော့ ရှက်ဖွယ်လိလိ ဖြစ်ကြောင်း..

written by Ironcross , November 30, 2009
This is true story so every body want to know why she was die and how.
Please give information about the Clinic and doctor name. That is necessary to give the information to audience.
Please give information about the Clinic and doctor name. That is necessary to give the information to audience.
written byှSAIHANSAI001, November 30, 2009
စ၇ိတ်မျှပေး ကျန်းမာေ၇းတဲ. ကောင်းတဲ. ဆောင်ပုဒ်လေးပါ- ဒါပေမဲ. ဒီစကားဟာ ဆိုင်းဘုတ်ပေါ်မှာတင် ကောင်းနေတာပါ -ပြည်သူတွေကို တစ်ကယ်တမ်း ကျတော. ဘာမှာ. အကျိုးမပေးပါဘူး -မြန်မာပြည်မှာ ဆေး၇ုံ- ဆေးခန်းတွေ အတော်များများ ငွေကြေး တတ်နိုင်သူတွေ ဆို၇င် ၀န်ဆောင်မှု.ပေးပြီး- ငွေ မတတ်နိုင်တဲ. မ၇ှိ ဆင်း၇ဲသားတွေကို ကျတော. စကားကို ကြမ်းကြမ်း တမ်းတမ်းပြော နောက်ဆုံး ငွေကြေး မပေးနိုင်တော. ဆေး၇ုံေ ပ်ါကနေ နှင်ထုတ်နေတာ မြန်မာပြည်မှာ ၇ှိတဲ.ဆေး၇ုံ တော်တော် များများပါဘဲ-နိုင်ငံပိုင် ဆေး၇ုံတွေက ပိုတောင် ဆိုးပါတယ်-ဆေး၇ုံ သန်.၇ှင်းေ၇း အလုပ် သမားတွေကအစ ငွေမပေးနိုင်၇င် စကားပြောတာတော်တော်၇ိုင်းပါတယ်-
written by mannyl, November 30, 2009
The consent given by the patient and misconduct or negligence are the very different.
Anatomy doctor from Mandalay doesn't know the procedure of surgery but he gave comment.
Crap!!!!
Anatomy doctor from Mandalay doesn't know the procedure of surgery but he gave comment.
Crap!!!!
written by Ko Latt, November 30, 2009
Who is so-called "Dr" Tin Mg Kyi?
If someone concern signed, it doesn't matter whatever suffer to the patient?
The medical industry of Burma behaving like a big big Gang of Mafia.They have "00--"
licenses like James Bond,holder of "License to Kill".

Write comment

In this incident,sure ,this is their fault.Not enough investigations before operation,never take time to ask history,signs and symptons.Because they are calculating money everyday like today how much money from how many patients.The more patient,the more money.That's why they always have no time.
Don't ask doctors for any news.They will protect for their own professionals.
Don't blame the private clinics because they relie on doctors.No doctors,no business,no income for them.